BEC-TERO TV

ဘက်စုံထူးချွန်ဆုပေါင်း ၂၀၀ ပိုင်ဆိုင်ထားတဲ့ ၁၆ နှစ်အရွယ်ကျောင်းသူ

03 Jun 2017     1,361 Views


အသက် ၁၆ နှစ်အရွယ် ဖီလစ်ပိုင်ကျောင်းသူလေးတစ်ဦးက သူမရဲ့ ကျောင်းသူဘဝတစ်လျှောက်လုံးရခဲ့တဲ့ ဆုတွေကို လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာ တင်ခဲ့ပြီးတဲ့နောက်မှာ အဆိုပါပုံများကို ပြန်လည်ဝေမျှသူများပြားခဲ့ပြီး အထူးလေးစား ချီးကျူးခြင်းခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာပါတယ်။ 
 
 
April Christelle ဟာ သူမရဲ့ ကျောင်းသူဘဝ တစ်လျှောက်လုံးမှာ ပညာရည်ထူးချွန်ဆု၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲဆုနဲ့ အလှအပမယ်ဆုတွေအပါအဝင် ဆုတံဆိပ်ပေါင်း ၂၀၀ ပိုင်ဆိုင်ရရှိထားသူလေးဖြစ်ပါတယ်။
 
 
April ဟာ ၁ တန်းကနေ ၁၀ အထိ အမြဲတမ်း ပထမဆုရခဲ့သူဖြစ်ပြီး နိုင်ငံနဲ့အဝှမ်း ကျောင်းရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ ယခုလို သူမရရှိခဲ့တဲ့ ဆုတံဆိပ်တွေကို ဖြန့်ခင်းပြီး ဓါတ်ပုံရိုက်ကာ တင်ခဲ့ရတဲ့အကြောင်းရင်းကတော့ သူမရဲ့ မိသားစုနဲ့အတူ ဖိလစ်ပိုင်နိုင်ငံကနေ ပြောင်းရွေ့ပြီး အမေရိကန်နိုင်ငံ ချီကာဂိုမှာ ကျောင်းဆက်တက်ရတော့မှာဖြစ်လို့ ဒီလောက် ဆုတံဆိပ်အများကြီးကို သယ်မသွားနိုင်တဲ့အတွက် အမှတ်တရအမြဲရှိစေရန် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သူမ၏ ဖေ့စ်ဘွခ်တွင် ရေးသားဖော်ပြခဲ့သည်။
 
 
“ကျွန်မ ဒီပုံကိုတင်ရတာကတော့ ဆုတံဆိပ်တွေအားလုံးကို ချီကာဂိုကို သယ်သွားလို့မရလို့ပါ။ ကျွန်မဘယ်နေရာကိုပဲသွားသွား ဘဝမှာဒီလိုဆုတံဆိပ်လေးတွေ ရခဲ့ဖူးတယ်ဆိုတာ အမြဲသတိပေးနေသလိုဖြစ်အောင်ပါ။ ဆုတံဆိပ်တိုင်းဟာ စွန့်လွှတ်အနစ်နာခံခဲ့မှု၊ ဇွဲ လုံ့လနဲ့ တစ်စိုက်မှတ်မှတ် ကြိုးစားခြင်းတွေရဲ့ အသီးအပ်ငင့်တွေဖြစ်သလို ကျွန်မ ကျခဲ့ရတဲ့ မျက်ရည်စက်တွေဆိုရင်လည်း မမှားပါဘူး။ ဒီဆုတံဆိပ်တွေ တစ်ခုစီတိုင်း ရလာဖို့ အတွက် ပေးဆပ်မှုတွေက ပိုများခဲ့ပါတယ်”
 
 
သူမရဲ့ အစီအစဉ်ကတော့ ချီကာဂိုမှာ ဆက်လက်ပညာသင်ယူပြီးနောက်မှာ အမိမြေကိုပြန်လာပြီး ဆေးတက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားပါတယ်။
 

03 Jun 2017     1,361 Views




RELATED

Most Popular of Special or Others

Most Popular of NEWS