BEC-TERO TV

Hermes တံဆိပ်လက်ကိုင်အိတ် ဒေါ်လာ ၄ သိန်းနီးပါးနဲ့ ကမ္ဘာ့ဈေးအကြီးဆုံးမှတ်တမ်းဝင်

04 Jun 2017     1,455 Views


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေက ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ Christie လေလံပွဲကြီးမှာ Hermes တံဆိပ် မိကျောင်းသရေ လက်ကိုင်အိတ်တစ်လုံးကို လေလံတင် ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၂,၉၄ သန်း (ကျပ် သိန်း ၅ ထောင်တစ်ရာကျော်) နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
 
 
“Matte White Himalaya Niloticus Crocodile Diamond Birkin 30” ဆိုတဲ့ အဆိုပါ လက်ကိုင်အိတ်မှာ ၁၈ကာရက် ရွှေဖြူနဲ့ စိန်တို့ကို တွဲစပ်ထုတ်လုပ်ထားတာဖြစ်ပြီး လိုချင်စရာအကောင်းဆုံး လက်ကိုင်အိတ်အဖြစ် လေလံပွဲတင်ဆက်သူက ကြေညာခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီအိတ်ကို ဟောင်ကောင်ဒေါ်လာ ၁.၅ သန်းကနေ ၂ သန်းကြားသာ ရလိမ့်မယ်လို့ တွက်ထားခဲ့ပေမယ့် မထင်မှတ်ပဲ ၂.၉၄ သန်းနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်သူဝယ်ယူသွားခဲ့လဲဆိုတာကိုတော့ ဖွင့်ဟပြောဆိုခဲ့ခြင်းမရှိပါဘူး။
 
အဆိုပါလေလံပွဲမှာ အလီဘာဘာပိုင်ရှင် သူဌေး ဂျက်မားရဲ့ ပထမဆုံးပန်းချီကားကိုလည်း အမေရိကန်ဒေါ်လာ ၅.၄သန်းနဲ့ ရောင်းချခဲ့ရပါတယ်။
 
သိန်း ၅ ထောင်ကျော်တန် လက်ကိုင်အိပ်ကို ဝယ်ချင်တယ်ဆိုရင်တော့ အောက်ပါနေရာတွင် ဝယ်ယူနိုင်ပါတယ်။
 
 
 

04 Jun 2017     1,455 Views




RELATED

Most Popular of Special or Others

Most Popular of NEWS