BEC-TERO TV

စစ်ပွဲများအလိုမရှိပြဇာတ် Facebook LIVE လွှင့်ခဲ့သူ ၆၆(ဃ)နဲ့ အဖမ်းခံရ

05 Jun 2017     1,369 Views


ပုသိမ်မြို့ ပညာပါရမီ ပညာဒါနကျောင်းတွင် ကျောင်းသားများ တင်ဆက်ခဲ့သည့် စစ်ပွဲများ အလိုမရှိ ပြဇာတ်ကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်၌ Live လွှင့်တင်ခဲ့သည့် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ (HRAA) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးကို ဇွန်လ ၄ ရက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ပုသိမ်မြို့မရဲစခန်းက ဖမ်းဆီးခဲ့သည်။ 
 
ဦးထွန်းထွန်းဦးကို ယခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦး စီးမှူး (ပထမတန်း) ဒုတိယဗိုလ် မှူးကြီး အောင်မျိုးခိုင်က တရားလိုပြုကာ ပုသိမ်မြို့မရဲစခန်း၌ အီလက်ထရွန်နစ်ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်ခဲ့သည်။ 
ယင်းနောက် ဦးထွန်းထွန်းဦး ၏ လက်ကိုင်ဖုန်းကို ရဲတပ်ဖွဲ့က သိမ်းဆည်းကာ စစ်ဆေးခဲ့ပြီးနောက် မူလစွဲဆိုထားသည့် ပုဒ် မအစား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ပြောင်းလဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 
 
‘‘CID ရဲ့ စစ်ဆေးပေါ်ပေါက်ချက်ရော၊ ပုဒ်မပြောင်းလဲတရားစွဲဖို့ ဥပဒေရဲ့ အကြံပြုချက်အရရော ဖမ်းဆီးခဲ့တာပါ။ မနက်ဖြန် (ဇွန်လ ၅ ရက်)မှာ တရားရုံးတင် ပြီး တရားစွဲဆိုသွားမှာပါ’’ဟု ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုး သူက ပြောသည်။ 
ယခုနှစ် ဇန်နဝါရီ ၉ ရက်တွင်ပုသိမ်ဟိုတယ်၌ ငြိမ်းချမ်းရေးအ လုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ပညာပါရမီ ပညာဒါနကျောင်းမှ ကျောင်းသား များက ‘စစ်ပွဲများအလိုမရှိ’ ပြဇာတ်ဖြင့် တင်ဆက်ခဲ့သည်။ ယင်းတင်ဆက်မှုကို ဦးထွန်းထွန်းဦးက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်တွင် Live လွှင့်တင်ခဲ့သဖြင့်  တပ်မတော်က တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
 
‘‘လူတိုင်း Live လွှင့်လို့ရ အောင် ဖေ့စ်ဘွတ်ခ်ဖန်တီးပေး ထားတာ။ သူတို့ဘာပြောမယ်၊ ဘာဆိုမယ်ဆိုတာ ကိုယ်လည်း သိတာမဟုတ်ဘူး။ အားလုံးကြည့်စေချင်တဲ့ စေတနာတစ်ခုနဲ့ပဲတင်ခဲ့တာ’’ဟု ဦးထွန်းထွန်းဦးက ပြောသည်။ ကျောင်းသားများ တင်ဆက်သည့် ပြဇာတ်၏ဇာတ်ဝင်ခန်းတစ်ခုတွင် တပ်မတော်နှင့်  တပ်မတော်မိသားစုဝင်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ တင်ဆက်သည့် ကျောင်းသားကိုးဦးကို တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါ ကျောင်းသားကိုးဦးအ နက် ခုနစ်ဦးကို တရားရုံးက တရားရှင်လွှတ်ပေးခဲ့ပြီး နှစ်ဦးကို စွဲချက်တင်စစ်ဆေးနေကြောင်း ပညာပါရမီပညာဒါနကျောင်း တာဝန်ခံ ကျောင်းအုပ်ဆရာ ဦးကျော်နန္ဒက ပြောသည်။ 
 
‘‘တကယ်တော့ သူက ပရိ သတ်တစ်ယောက်အနေနဲ့ တက် တာ။ အခုလို ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရတော့ နားမလည်ဘူး။ အံ့လည်း အံ့သြမိတယ်’’ဟု ၎င်းက ပြောသည်။ 
 
7DayDaily
 

05 Jun 2017     1,369 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS