BEC-TERO TV

မော်ဒယ်ကိုယ်ပေါ်ကဆူရှီကို ယူစားပြီး လက်သွားဆော့သူ

05 Jun 2017     1,565 Views


အတွင်းခံသာဝတ်ထားပြီး ခန္ဓာကိုယ်ပေါ်မှာ ဆူရှီတွေ ခင်းကျင်းပြသထားတဲ့ မော်ဒယ်တစ်ဦးကို လက်သွားဆော့တဲ့ စားသုံးသူတစ်ဦးရှိခဲ့ပါတယ်။
 
တရုတ်နိုင်ငံ မြောက်ပိုင်း ယူဝန်းမှာရှိတဲ့ ဆူရှီဆိုင်တစ်ဆိုင်မှာ အတွင်းခံသာဝတ်ဆင်ပြီး ခန္ဓာကိုယ်ပေါ်မှာ ဆူရှီတွေ ခင်းကျင်းပြသထားတဲ့ မော်ဒယ်ဆီက စားသုံးသူအမျိုးသားက လက်သွားဆော့လိုက်တဲ့အတွက် မော်ဒယ်ရဲ့ လက်လံရိုက်နှက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
 
ခန္ဓာကိုယ်ပေါ်က ငါးလိပ်တွေကို စားသုံးသူတွေက တူနဲ့ယူစားကြတာဖြစ်ပြီး အဆိုပါစားသုံးသူအမျိုးသားက သူ့ရဲ့တူနဲ့ စက်ဆုပ်ဖွယ် လုပ်ရပ်တစ်ခုလုပ်ခဲ့လို့ မော်ဒယ်က ထလာပြီး ရန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
 
ယင်းအမျိုးသားရဲ့လုပ်ရပ်ကို မော်ဒယ်ကအစက ရိုးရိုးသားသားလုပ်ရပ်လို့ ထင်ခဲ့ပေမယ့် နောက်တော့မှ မဟုတ်တာလုပ်ပြီး စော်ကားအမြတ်ထုတ်ခံနေရတယ်ဆိုတာ သိလာခဲ့တယ်လို့ တရုတ်သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

Source : dvb


05 Jun 2017     1,565 Views




RELATED

Most Popular of Special or Others

Most Popular of NEWS