BEC-TERO TV

၈ နှစ်အရွယ် သုံးတန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး

05 Jun 2017     1,251 Views


ရှမ်းပြည်တောင်ပိုင် နမ်စန်မြို့နယ်မှာ ၈ နှစ်အရွယ် သုံးတန်းကျောင်းသူတစ်ဦးသည်နေ့နေလည်တစ်နာရီခန့်က ကြိုးဆွဲချသေဆုံးမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ နမ့်စန်မြို့နယ်ရဲစခန်းကသိရပါတယ်။

နမ့်စန် မြို့နယ်ရဲစခန်းကစခန်းမှုးဦးတင်မောင်ဆွေက “ ကျွန်တော်တို့လဲသတင်းကြားကြားချင်းသွားတာကလေးမလေးကအရင်တုန်းကတစ်ကြိမ် ကြံစည်ဖူးတယ်လို့ သိရတယ်”ပြောပါတယ်။

မိဘတွေက TV ကြည့်နေတာ။ဆင်း ကစားလိုက်ဦးမယ်ဆိုပြီးအိမ်ပြင်ဘက်မှာနိုင်လွန်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပါတယ်။

ကြိုးဆွဲချသေဆုံးခဲ့တဲ့ ၈ နှစ်အရွယ်ကလေးကနမ့်စန်းမြို့နယ် အမှတ်(၉)ကျေးရွာမှာနေထိုင် သူဖြစ်ပြီးမိဘတွေကစိုက်ကွင်းအစောင့် လုပ်ကိုင်တဲ့ သူတွေဖြစ်ပါတယ်။
သည်သေဆုံးမှုနဲ့ပက်သက်ပြီးသေမှုသေခင်းဖွင့်ပြီးစစ်ဆေးဆောင်ရွက်ဖို့ ကနေဦးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source: Kumudra


05 Jun 2017     1,251 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS