BEC-TERO TV

နှစ်ရက်အတွင်း ကြည့်သူ ၁၀သိန်းကျော်ရှိတဲ့ အမဲရောင်နယ်မြေ ‘အော်ရီဂျင်နယ် ဂန်းစတား ၂’ ရုပ်ရှင်နမူနာ

05 Jun 2017     5,551 Views


အက်ရှင်ဦးစားပေးရိုက် ကူးထားသည့် ‘အော်ရီဂျင်နယ် ဂန်းစတား ၂’ ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လဆန်းတွင် ရုံတင်ပြသ မည်ဖြစ်ပြီးလက်ရှိအချိန်တွင် အဆိုပါ ရုပ်ရှင်ဇာတ်ကားနမူနာကြည့်ရှုသူ အရေအတွက်မှာ ၃ရက်အတွင်း ကြည့်သူပေါင်း ၁၀သိန်းကျော်ရှိကြောင်းသိရှိရသည်။

‘အော်ရီဂျင်နယ် ဂန်းစတား ၂’ ရုပ်ရှင်ဇာတ်ကားတွင် မြင့်မြတ်၊ယုန်လေး၊ ဇင်ဝိုင်း၊ ခင်လှိုင်၊ ယု သန္တာတင်တို့နှင့်အတူ ဧည့်သည် သရုပ်ဆောင်များစွာ ပါဝင် သရုပ် ဆောင်ထားပြီး ဇွန်လ ၂ ရက်တွင် အဆိုပါ   ဇာတ်ကားနမူနာကို Original Gangster ဖေ့စ်ဘွတ်ခ် ပေ့ခ်ျ၌ တင်ခဲ့ရာ နှစ်ရက်အတွင်း ကြည့်ရှုသူ ၁၀သိန်းကျော်ရှိခဲ့ခြင်းဖြစ်သည်။

 အော်ရီဂျင်နယ်ဂန်းစတား ပထမဇာတ်ကားတွင် မြင့်မြတ်၊ ယုန်လေး၊ ယုသန္တာတင်နှင့် ထူး ခြားတို့မှာ မိဘမဲ့များဖြစ်ပြီး ၎င်းတို့ ကြားထဲမှ သံယောဇဉ်ကို အက်ရှင် ဇာတ်ရုပ်များဖြင့် ရိုက်ကူးပုံဖော် ထားခြင်းဖြစ်သည်။ ဂိုဏ်း စတားအနေဖြင့်     ပါဝင်သရုပ် ဆောင်ထားသည့် ခင်လှိုင်က ‘‘ကျွန်တော်တို့ ညီအစ်ကိုတွေအား လုံး အထူးအားစိုက်ထားတဲ့ ဇာတ်ကား ရုံတင်တော့မယ်၊ရင်ခုန်လိုက်တာဗျာ’’ ဟု ‘အော်ရီဂျင်နယ်ဂန်း စတား ၂ ’ ဇာတ်ကားနှင့်ပတ်သတ် ၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။


05 Jun 2017     5,551 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS