BEC-TERO TV

ကိုရီးယားရောက်နေတဲ့ ဖြူဖြူကျော်သိန်း ဆေးစစ်မှုခံယူ

05 Jun 2017     1,535 Views


ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့အတူ ကိုရီးယားကို ရိုက်ကူးရေးအတွက် ရောက်ရှိနေတဲ့ နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်းက ဖူဟန်မြို့မှာ ခါးကျောရိုး ဆေးစစ်မှုခံယူခဲ့ပါတယ်။

ကိုရီးယားကို ချောချောမွေ့မွေ့ရောက်ရှိစဉ်က ပုံတွေတင်ပြီးနောက် လူနာဝတ်စုံတွေနဲ့ တွေ့လိုက်ရတော့ ဖြူဖြူကျော်သိန်း တစ်ယောက် နေများမကောင်းဘူးလားလို့ စိုးရိမ်ခဲ့ရပါသေးတယ်။

“ဖူဟန်ကိုရောက်ရောက်ချင်း Woodirul Spine Center မှာခါးကျောရိုးအတွက်ဆေးစစ်မှုခံခဲ့ပါတယ်...
ဆြာဝန်အယောက်တစ်ရာရဲ့အဖြေကတော့..."ဖူဖူနေကောင်းပါတယ်" လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကိုရီးယားရောက်နေတဲ့ ဖြူဖြူကျော်သိန်း ရဲ့ ပရိသတ်တွေအတွက် ဖြူဖြူရဲ့ပုံလေးတွေ အလွမ်းပြေတင်ပေးလိုက်ပါတယ်။

Source : ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်


05 Jun 2017     1,535 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment