BEC-TERO TV

သန်မာထွားကြိုင်းတဲ့ စပါးအုံးမြွေကြီးကို ဗျူဟာကျကျ တိုက်ခိုက်တဲ့ကျားသစ် (ရုပ်သံ)

05 Jun 2017     1,596 Views


အာဖရိက တောတွင်းတနေရာမှာ ရိုက်ကူးထားတဲ့ ရုပ်သံထဲ စပါးအုံးမြွေကြီးတကောင်ဟာ ဖြည်းဖြည်းချင်း လှုပ်ရှားနေတာကို သတိထား စောင့်ကြည့်နေတဲ့ ကျားသစ်တကောင်ကို တွေ့ရပါတယ်။စောင့်ကြည့်နေတဲ့ ကျားသစ်က ဗျူဟာအရ တချက်ပြန်ငြိမ်သွားတဲ့ မြွေကြီးကို လှမ်းပုတ်လိုက်ချိန်မှာ မြွေကလည်း ရန်သူကို ရင်ဆိုင်ကာ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားပါတော့တယ်.။

 

အပြန်အလှန်တိုက်ခိုက်ရင်းမြွေကြီးက နိုင်သလောက် ပြန်တိုက်ခိုက်ပြီး လွတ်မြောက်အောင် ပြေးချိန်မှာ ကျားသစ်က အလွတ်မပေးတော့ပဲ သားကောင်နောက်ကို လိုက်ကာ မြွေရဲ့ချက်ကောင်းဖြစ်တဲ့ ဦးခေါင်းပိုင်းကို အချိန်ပေးစောင့်ကြည့် အမိအရ ဖမ်းလိုက်နိုင်တာကိုတွေ့ရသလို နောက်ဆုံးမှာတော့ အပြန်အလှန်တိုက်ခိုက်ကြတာတွေက ကြောက်စရာတိုက်ကွက်တွေပါ။ကိုယ်တိုင်သာကြည့်ပေတော့လေ


05 Jun 2017     1,596 Views




RELATED

Most Popular of Special or Others

Most Popular of NEWS