BEC-TERO TV

ဉာဏ်စမ်းပဟေဋိများ ဖြေကြားမှုကြောင့် Facebook အကောင့်ခိုးယူခံနေရ

05 Jun 2017     1,286 Views


Facebook သုံးစွဲသူများအနေနဲ့ တစ်ခါတစ်ရံ ဖေ့စ်ဘွခ်ပေါ်မှာ ပေါ်လာတတ်တဲ့ ဉာဏ်စမ်းပဟေဋိတွေကို ဖြေကြားခြင်းကနေ မိမိအကောင့်နဲ့ အချက်အလက်များကို ခိုးယူခံရနိုင်တယ်လို့ အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ဆိုက်ဘာလုံခြုံရေးဌါနက တရားဝင်သတိပေးပြောကြားလိုက်ပါတယ်။
 
 
ဖေ့စ်ဘွခ်ကို သုံးနေကြသူတိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့ရတတ်တာကတော့ အပျင်းပြေ ပေါ့ပေါ့ပါးပါး ဂိမ်းလေးတွေ ဒါမှမဟုတ် ကိုယ်ရဲ့ပုံစံဟာ ဘယ်နာမည်ကြီး မင်းသား/မင်းသမီးနဲ့ တူနေလဲ၊ နောင်ဘယ်နှစ်နှစ်ကြာရင် ကိုယ့်ရဲ့ပုံစံက ဘယ်လိုဖြစ်မှာလဲ စသည်ဖြင့် စူးစမ်းချင်စရာ လေးတွေ new feed အနေနဲ့ပေါ်လာတတ်ပါတယ်။
 
ဒါမျိုးလေးတွေကို စမ်းကြည့်လိုက်လို့ ကိုယ့်အတွက်ဘာမှ ဆုံးရှုံးနစ်နာစရာမရှိဘူး အပျော်သဘောလို့ ထင်ရတတ်ပေမယ့် အဲဒီအရာတွေရဲ့ နောက်ကွယ်မှာ လင်ခ့်တွေရှိနေတတ်ပါတယ်။ အဲဒီလင်ခ့်တွေကနေတစ်ဆင့် ကိုယ့်ရဲ့အချက်အလက်တွေကို တစ်နည်းနည်းနဲ့ လှည့်ပတ်ရယူပြီး နောက်ဆုံးမှာ ကိုယ့်ရဲ့အကောင့်ကို ခိုးယူသွားနိုင်ကြောင်း ဆိုက်ဘာလုံခြုံရေးဌါနရဲ့ အမှုဆောင်ဒါရိုက်တာ Sri Sridharan က သတိပေးလိုက်ကြောင်း NBC News မှာ ဖော်ပြထားပါတယ်။
 
အကောင့်ခိုးယူခံရတဲ့ အဖြစ်အပျက်များအရ ဉာဏ်စမ်းပဟေဋိ များရဲ့နောက်ကွယ်မှာ ဆက်သွားရမယ့် လင်ခ့်များထည့်တားပြီး အသုံးပြုသူက မိမိရဲ့ ဖေ့စ်ဘွခ်အကောင့်သုံးပြီး ဝင်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီနောက်မှာတော့ မိမိရဲ့အချက်အလက်တွေဟာ ဟက်ကာတွေဆီကို ရောက်သွားသလို မိမိရဲ့ စက်ထဲကို malware အထည့်ခံလိုက်ရပြီး ဖြန့်ဖြူးပေးနေသလို အသုံးချခံရတတ်ပါတယ်။
 
ဒါကြောင့်မို့ မိမိရဲ့ ဖေ့စ်ဘွခ်အကောင့် အတိုက်ခိုက်မခံရဖို့ဆိုရင် အောက်ပါအချက်အလက်တွေကို သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
၁) password နဲ့ sing in လုပ်ရမယ့်အရာတိုင်းသတိရှိပါ
၂) မိမိရဲ့ အီးမေးလ်လိပ်စာကို ဂရုတစိုက်ထိန်းသိမ်းပါ
၃) သူငယ်ချင်းတွေဆီကလာတဲ့ လင်ခ့်တိုင်းကို မယုံကြည်ပါနဲ့
၄) ယုံကြည်ရလောက်တဲ့ ကုမ်ငဏီကြီးတွေရဲ့ Page များမှ လုပ်တဲ့ ပဟေဋိများကိုသာ ရွေးချယ်ပါ
 

 


05 Jun 2017     1,286 Views




RELATED

Most Popular of Special or Others

Most Popular of NEWS