BEC-TERO TV

ရေတွေကြီး ကားတွေပိတ်နေချိန် ကားရှင်းပေးခဲ့တဲ့ အလှမယ်ထားထက်ထက်

05 Jun 2017     1,249 Views


မနေ့ မိုးတွေရွာ ရေတွေကြီးနေတဲ့အချိန် ကားတွေပိတ် ရှေ့ဆက်သွားမရတာကို အလှမယ်ထားထက်ထက်က ကားတွေ ထွက်ရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကားရှင်းပေးနေတဲ့ ထားထက်ထက်ကတော့ မိတ်ဆွေတစ်ယောက်ရဲ့ လျှပ်တပြက်ရိုက်ချက်တွေ မိသွားခဲ့ပါတယ်။

“မိုးတွေရွာ ရေတွေ ခါးလယ်လောက်ထိ မြုပ် ကားတွေပိတ် ရှေ့ဆက်သွားလို့မရလို့ မထားထက်ထက် တယောက် ကားလမ်းဝင်ရှင်းနေတာ ကိုယ်ကဆိုင်ထဲမှာ သူကအပြင်ထွက်ကြည့်ဦးမယ်ဆိုပီး ကြာနေလို့ထွက်ရှာတော့ ကားလမ်းလယ်မှာသူတယောက်ထဲ ကားသမားတွေကတောင် ပြောသွားသေးတယ် Missမမ ကျေးဇူးပါတဲ့ ကားမှန်တွေ လိုက်ခေါက်ပြောလို့ပြော မျောနေတဲ့အမှိုက်ပုံးလဲဝိုင်းဆွဲပေးသေး သူ့ခမျာ မိုးကြိုးတွေပစ်သံကို ကြောက်လို့ နားကလဲပိတ်လိုက်ရသေးတယ် ကိုယ်ရိုက်နေတာတွေ့တော့ ကားတွေကို ဝိုင်းပြောပေးတဲ့ ခိုင်းလိုက်သေးတာ” လို့ Hay Zel Hninwai က လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

ဒါကိုထားထက်ထက်က အခုလို ပြန်လည် ပြောထားပါတယ်။

“Ohh ကျမကခုမှ လမ်းရှင်းပေးပြီး ရေကျလို့ခဏနားပါတယ် ရေတွေတော်တော်မြုပ်လို့ ကားတွေ ပိတ်နေလို့ လမ်းကြားလေးတခုထဲကကားလေးတစီး အမိုးလေးပဲမြင်တဲ့အထိ မြုပ်နေတော့ ပိုင်ရှင်ခမျာငိုနေတာနဲ့ စိတ်မကောင်းလို့ လမ်းမကြီးမှာလဲရေမြုပ်နေတော့ ကားလေးတွေအကုန်မြုပ် ပျက်ကြဆိုတော့ တခြားကားတွေလဲပျက်မှာစိုးလို့ ကားရှင်းပေးသူမရှိလို့ ကားဝင်ရှင်းပေးနေတာကို အမှိုက်ပုံးကြီးတွေတောင်မျောနေတာ ကားတွေပိတ်နေချိန်မှာကိုယ်ချင်းစာမိတယ်လေ ဘာဖြစ်လို့ပိတ်နေမှန်းမသိ ရှေ့ဆက်တိုး ဟိုးရှေ့ ရေနားရောက်မှကားတွေကပြန်လှည့် ကားတွေအသေထပ်ပိတ် မနေနိုင်လို့မော်တော်ပီကယ် ဝင်လုပ်တာကိုကွယ် Snap shot ရိုက်ရင်လဲလှလှလေးရိုက်ပါလားဟယ် ခုတော့ကိုယ့်ယို့ကားယား အာကလဲပြဲနေရသေး ကားအသေးတွေအစီးတိုင်းလိုက်ပြောနေတာကို”

အလှအပတွေ ဟန်ပန်တွေ ဂရုမစိုက်နိုင်ဘဲ လိုအပ်ချိန်မှာ အခုလို ၀င်ကူညီပေးတတ်တဲ့ အလှမယ်ထားထက်ထက်ရဲ့ စိတ်ဓာတ်ကိုလည်း လေးစားဂုဏ်ပြုပါတယ်။

Source : ထားထက်ထက်


05 Jun 2017     1,249 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment