BEC-TERO TV

ကျွန်ဇာတ်ကားအပေါ် မြင့်မြတ်ရဲ့ ခံစားချက်

05 Jun 2017     1,259 Views


လက်၇ှိမှာအောင်မြင်မှုရရှိနေတဲ့ “ကျွန်” ဇာတ်ကားနဲ့ ပတ်သတ်ပြီး “ဒီဇာတ်ကားမှာ ကျွန်တော့ဇာတ်ရုပ်က အငြိမ် ။ ဇာတ်နဲ့ လိုက်အောင်တော့ ကြိုးစားပြီးတော့ သရုပ်ဆောင်ခဲ့ ပါတယ် ။ပရိတ်သတ်အားပေးမှု ရတဲ့ အတွက်လည်း ကျေးဇူးတင်တယ်။ ကိုယ်တွေပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဆိုတော့ အခုလိုအားပေးမှုရရှိတော့လည်း ၀မ်းသာရတာပေါ့ ။အားလုံးလဲ ကြိုးစားပြီး သရုပ်ဆောင်ထားကြတယ် ။ တကယ် ပင်ပန်းခံပြီးတော့ ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ။

ကောင်းတဲ့ review တွေကလည်းအဓိကက ဒါရိုက်တာတော်လို့ပါ ။ ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်ကား ရဲ့ Location တွေကို သဘောကျတယ်။ သူ့နေရာနဲ့ သူပါဝင်ထားကြတဲ့ အနုပညာရှင်တွေလည်း အကောင်းဆုံးကြိုးစားကြတာပဲ လေ” လို့ ပြောထားပါတယ်။ ကျွန် နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေကို လဲ ဝေဖန်လားမဝေဖန်လားတော့ မသိဘူး  သမ္မတ ရုံမှာကတော့ လူတွေပြည့်နေတာပဲ  ဝေဖန်တာလည်းကောင်းပါတယ်။ ဝေဖန်မှု ရှိမှ တိုးတက်မှာပေါ့လို့ ပြောသွားခဲ့ပါတယ် ။

လက်ရှိမှာတော့ ကျော်ကျော်ဗို၊ သင်ဇာဝင့်ကျော် တို့ နဲ့ အတူ ပရမ်းပတာ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေပါတယ် လို့ ပြောသွားခဲ့ ပါတယ်။ 

Credit:Oasis


05 Jun 2017     1,259 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment