BEC-TERO TV

ပုသိမ်မြို့ကနာမည်ကျော်လူမိုက်ကြီးကို ရုပ်ရှင်ကားဆန်ဆန် ဓားနဲ့တက်ခုတ်ကြသူတွေ

05 Jun 2017     1,407 Views


ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်း အပိုင် အမှတ်(၇)ရပ်ကွက်မှာ ည ၈ နာရီခွဲအချိန်မှာ နေအိမ်ပေါ်တွင်ရှိနေသော ဦးထွန်းမြိုင် (ဘ)ဦးစံသိန်း အသက် ၄၈ နှစ်အား ရွှေအိုးစည်နှင့်အာနီညီအကိုနှစ်ဦးကနေအိမ်ပေါ်ပြေးတက်လာပြီးဓားရှည်ဦးချွန်ဖြင့်ထိုးကြရာမှဆေးကုသမှုခံယူရန်ဆေးရုံသို့ပို့သနေချိန်ရရှိသောဒါဏ်ရာများကြောင့်သေဆုံးသွား၍လူသတ်မှုဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိ့ရပါသည်။

ဖြစ်စဉ်မှာ ၄.၆.၂၀၁၇ ရကနေ့ညနေ ၈ ခွဲအချိန်ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် ရာမည ၅လမ်း အမှတ် ၈ ရပ်ကွက်နယ်စပ်နေ ဦးထွန်းမြိုင် နေအိမ်မှာရှိနေချိန်အိမ်ရှေ့လမ်းမပေါ်မှနေပြီးရွှေအိုးစည်နှင့်ညီဖြစ်သူအာနီ. ဇင်မင်းထွန်းတို့ပါဝင်ကြပြီးကိုနိုင်ကုလားလေး.ချစ်စုနှင့်အမည်မသိ့သောသူများပါဝင်သော လူ ၁၀ ဦးခန့်ကဓားများကိုင်ဆောင်လာကြပြီးထွန်းမြိုင်ကိုယ်ထုပ်ပေးထွန်းမြိုင်ထွက်လာခဲ့ညနေကငါ့ညီဇင်မင်းထွန်းကိုယ်ဘာလို့ဓားနဲ့လိုက်တာလဲဟုအော်ဟစ်ရင်း အိမ်ပေါ်ပြေးတက်လာပြီးတောင်းပန်နေသည့်ကြားမှဦးထွန်းမြိုင်အားခွ၍ရွှေအိုးစည်နှင့်အာနီတို့ကဓားရှည်နှင့်ထိုးကြရာယာကျော လက်ပြင်မှာထိုးသွင်းဒါဏ်ရာတချက် ယာရင်အုံထိုးသွင်းဒါဏ်ရာတချက်ရရှိပြီး မှောက်လျှက်လဲကြသွားခဲ့သည်။

ယင်းဖြစ်စဉ်အားသေဆုံးသူ၏အကိုဖြစ်သူဦးပေါက်စအသက်၅၆နှစ်(ဘ)ဦးစံသိန်းကအမှုဖွင့်အရေးယူပေးရန်တရားလိုပြုတိုင်ကြားသဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၁၀၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍အမှုအားစခန်မှူးရဲအုပ်အောင်ဝင်းမြင့်ကအမှုစစ်ဖြစ်တာဝန်ယူစစ်ဆေးဆောင်ရွက်ရှိကြောင်းသိ့ရပါသည်။

တရားခံဖမ်းဆီးရမိရေးအတွက် စခန်းမှူးကိုယ်တိုင်ပါဝင်သောအဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်စိုးအောင်ခေါင်းဆောင်သောအဖွဲ့ တာဝန်မှူးဒုရဲအုပ်ဇူးဇူးဝင်းတင် ခေါင်းဆောင်သောအဖွဲ့တို့က ပြိုင်တူလှုပ်ရှားဆောင်ရွက်နေကြပြီး နယ်မြေခြင်းဆက်စပ်လျှက်ရှိသောစခန်းများအား လူမှုကွန်ယက်မှနေစခန်းမှူးချင်းဆက်သွယ်၍တရားခံ၏ပုံများချက်ချင်းပို့ ကူညီစုံစမ်းဖမ်းဆီးပေးရန် မေတ္တာရပ်ခံထားကြောင်းသိ့ရပါသည်။

ရွှေဘိုဝဠာ
မှုခင်းနှင့်သတင်းစုံ
ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ

Source: Original Uploader

 


05 Jun 2017     1,407 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS