ကလေးငယ်အရွယ်အစားနီးပါးရှိ ကြောက်စရာ ဖားပြုတ်ကြီး ဖမ်းဆီးရမိ
05 Jun 2017 1,688 Views

ပြောမယုံကြုံဖူးမှသိဆိုတာ ဒီလိုမျိုးပါ။မကြာသေးခင်က အင်တာနက်လူမှုကွန်ရက်မှာ တက်လာတဲ့ သတင်းနဲ့ပုံအရတော့ အကြီးမားဆုံးဖားပြုတ်ကြီးကို ဖမ်းမိခဲ့တဲ့ သတင်းကိုတင်ဆက်လိုက်ပါတယ်။ဖမ်းဆီးရမိတဲ့ ဖားပြုတ်က ကလေးသူငယ် အရွယ်အစားလောက်ရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။



ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင်တော့ ၃.၅ လက်မကနေ ၆လက်မ အထိ အမြင့်ဆုံးအခြေအနေမှာ ကြီးထွားနိုင်ပါတယ်။ မြောက်အမေရိက ကဖားတွေဆိုရင်တော့ ၆လက်မအထိ ကြီးထွားနိုင်သလို ၁.၅ ပေါင်အထိကြီးထွားတယ်လို့ ဆိုပါတယ်။ အခုလက်ရှိ ပုံအရတောာ့ ကြီးထွားလွန်းတဲ့ ဖားပြုတ်ကိုဖမ်းမိသူက Markcuz Rangel ဆိုတဲ့သူဖြစ်ပြီး တက္ကဆက် ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မွေးမြူရေးခြံမှာအခုလို ဖမ်းမိတာလို့သိရပါတယ်။
၁၃ပေါင်ရှိပြီး ကလေးငယ် တစ်ယောက် အရွယ်အစားနီးပါး ရှိတယ်လို့ Markcuz Rangel ကဆိုပါတယ်။အဆိုပါပုံနဲ့ပတ်သက်ပြီးတော့ တက္ကဆက်ပြည်နယ် ပန်းခြံနဲ့တောရိုင်းတရစ္တာဌာနက ကျွမ်းကျင်သူ စတိဗ်ကတော့ ပုံမှာ ပြင်ဆင်ထားခြင်းမရှိကြောင်းနဲ့ အခုလို ပုံမျိုးရဖို့ အနီးကပ်ရိုက်လိုက်တာဖြစ်နိုင်ကြောင်း သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။








