BEC-TERO TV

မိုးရာသီကို ကျန်းကျန်းမာမာ ဖြတ်ကျော်နိုင်ဖို့ ဆောင်ရမယ့် အချက် ၇ ချက်

05 Jun 2017     1,512 Views


သန့်ရှင်းတဲ့ အစားအစာ စားပါ
 
မိုးရာသီဟာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကို ဒုက္ခပေးတဲ့ ရာသီပါ။ ရောဂါပိုးတွေ ကူးစက်ခံရဖို့လည်း လွယ်ကူတဲ့ ရာသီဥတုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောလွယ်တဲ့ ရာသီလည်ဖြစ်တဲ့အတွက် ရေကို ကျိုချက်သောက်ပါ။ သစ်သီးဆိုလည်း အမှည့်လွန်အသီး ၊ အသီးဖျော်ရည်ဆိုလည်း အမှည့်လွန်တဲ့အသီးကို ဖျော်ထားတဲ့ ဖျော်ရည်တွေ မသောက်ပါနဲ့။ ချက်ပြုတ်မထားတဲ့ အသီးအနှံတွေကို အစိမ်းစားတာ ၊ လက်သုပ်စာတွေ ရှောင်ပါ။
 
ရေလုံလုံလောက်လောက်သောက်ပါ
 
ရာသီဥတုက အေးတာကြောင် ့တော်ရုံရေမသောက်ဖြစ်တတ်ပါဘူး။ ဒါကြောင့် သတိလေးထားပြီး ရေကို တစ်နေ့တာသောက်ရမယ့် ပမာဏအတိုင်း ပြည့်ပြည့်ဝ၀ သောက်ပေးပါ။ အာစွတ်ရုံလေး မသောက်ပါနဲ့။ ရေနွေးကြမ်းလည်း သောက်နိုင်ပါတယ်။ ရေသောက်ဆိုလို့ အချိုရည် ၊ ကော်ဖီ ၊ အရက် ၊ ဘီယာ စတဲ့ အရည်တွေ မပါပါဘူး။
 
မိုးရေထဲ လမ်းမလျှောက်ပါနဲ့
 
မိုးရေထဲလမ်းလျှောက်တာဟာ စိတ်ကူးယဉ်ဆန်ပေမယ့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခြေသည်းနဲ့ ခြေချောင်းလေးတွေကြား မှိုဖြစ်နိုင်ပြီး ခြေဝဲစားတာ ၊ သဲဝဲစားတာတွေလည်း ဖြစ်နိုင်ပါတယ်။ ခြေအိတ်နဲ့ ရှုးဖိနပ်တွေက စိုနေရင် အစိုအတိုင်းကြီး ဆက်စီးမထားပါနဲ့။ ခြေအေးဝမး်ရောင်ဆိုတဲ့အတိုင်း ဝမ်းလျှောတတ်တဲ့အတွက် အစိုကြီးနဲ့ပြန်လာပြီးရင် နွေးနွေးထွေးထွေး နေထိုင်ရပါမယ်။ အေးစက်စိုထိုင်းနေတဲ့ ကြမ်းခင်းတွေမှာ နေထိုင်တာကို သတိထားပါ။ အဲကွန်းအောက်မှာ အဝတ်အစိုကြီးနဲ့ မနေသင့်ပါဘူး။ အဝတ်စိုနေရင်လည်း ချက်ချင်းလဲပါ။ အလုပ်မှာ အဝတ်အပိုဆောင်ထားတာ ၊ သွားလေရာမှာ အဝတ်အပို်တစ်ထည် ဆောင်သွားတာမျိုး လုပ်ဆောင်ပါ။
 
အစိုပြန်တဲ့ အိမ်တွင်းနံရံတွေကို သန့်ရှင်းရေးလုပ်ပေးပါ
 
မိုးတွင်းမှာ အစိုပြန်နေတဲ့ နံရံတွေကနေ မှိုပေါက်တာကြောင့် ပန်းနာရင်ကြပ်ရောဂါ ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေအတွက် ပြဿနာရှိတာကြောင့် အစိုပြန်တဲ့ နံရံတွေကို သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။
 
ခြင်နှိမ်နင်းပါ
 
မိုးရေဝပ်တာ ၊ ခြုံနွယ်တွေ များပြားပေါက်ရောက်လာတာကြောင့် ခြင်တွေပေါက်ပွား ခိုအောင်းကာ ခြင်အန္တရာယ်ကြုံရနိုင်ပါတယ်။ ဖုံး ၊ သွန် ၊ လဲ ၊ စစ် နည်းနဲ့ ခြင်နှိမ်နင်းခြင်းအပြင် ၊ ခြင်ဆေးဖျန်းခြင်း ၊ ခြင်ထောင်နဲ့အိပ်ခြင်း ၊ ခြင်မကိုက်အောင် ဆေးလူးခြင်း စတာတွေလုပ်ဆောင်သင့်ပါတယ်။ ညဘက်အလုံပိတ်အခန်းထဲမှာ ခြင်ဆေးထွန်းအိပ်တာ ၊ အစားအသောက်တွေအနား ခြင်ဆေးဖျန်းတာတွေကို ရှောင်ကြဉ်ပါ။
 
တစ်နေ့နှစ်ကြိမ် ရေချိုးပါ
 
ရာသီဥတုက အေးလို့ဆိုပြီး ရေမချိုးဘဲနေတာမျိုး ရှောင်ပါ။ တစ်နေ့တာ အပြင်ထွက်ပြီး ချွေးထွက်ထား စိုစွတ်ထားတာကြောင့် ခန္ဓာကိုယ်မှာ ပိုးမွှားတွေ ကပ်ငြိိနေနိုင်ပါတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အချိန် အေးလို့ဆိုပြီး ရေမချိုးဘဲမနေပါနဲ့။
 
မျက်စိကို မပွတ်ပါနဲ့
 
မိုးရာသီမှာ မျက်စိက ခြောက်သွေ့ ယားယံကာ အနာဖြစ်တတ်ပါတယ်။ ဂရုမစိုက်ဘဲ ပစ်ထားရင် မျက်စိကွယ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ကွန်ပြူတာ ၊ ဖုန်း အချိန်ကြာကြာကြည့်တတ်သူတွေမှာလည်း မျက်စိနီမြန်းတာ ယားတာတွေ ဖြစ်နိုင်ပြီး သက်ဆိုင်ရာဆရာဝန်တွေနဲ့ အမြန်ပြသသင့်ပါတယ်။ အချိန်မဆွဲသင့်ပါဘူး။ အထူးသဖြင့် မဆေးကြောထားဘဲ ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ကိုင်တွယ်တာကို အထူးရှောင်ကြဉ်သင့်ပါတယ်။
 
Source : The Voice

05 Jun 2017     1,512 Views




RELATED

Most Popular of Health Fix

Most Popular of Life Style