BEC-TERO TV

ဆွေဇင်ထိုက်ဆီက အတိအလင်း ဖြေရှင်းချက်တောင်းလိုက်တဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ

05 Jun 2017     1,353 Views


မင်းလည်းဘိုကေ၊ငါလည်းဘိုကေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ က လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အခုလိုပဲ ဆွေဇင်ထိုက်ကို ဖြေရှင်းချက်တောင်းလိုက်တာပါ။

“ဒေါ်ဆွေဇင်ထိုက်ခင်ဗျား

ကျွန်တော် မင်းလည်းဘိုကေ ငါလည်းဘိုကေ ရုပ်ရှင်ကို

ရိုက်တဲ့ဒါရိုက်တာပါ

ဒါရိုက်တာ ဘိတ်ကလာတဲ့ငံပြာရည်ရဲ့ မြေးအရင်းပါ

ဒါရိုက်တာ သီဟကျော်စိုး ရဲ့ တူအရင်းပါခင်ဗျာ

ယနေ့ နံမည်ကြီးနေတဲ့ let's talk အစီအစဉ်ကိုနားထောင်

လိုက်ရပါတယ်ခင်ဗျား

ဒေါ်ဆွေဇင်ထိုက်က တစ်နိုင်ငံလုံးလွှင့်မယ့် channel မှာ

ပြောကြားလိုက်ခြင်းမှာ ထုတ်လုပ်ရေး နှင့် ရိုက်ကူးသည့်

ဒါရိုက်တာ ကျွန်တော်၏ သိက္ခာတရားကို များစွာထိခိုက်

မှုဖြစ်ပါတယ် ထို့အပြင် ဟာသအနုပညာရှင်များစွာ၏ လုပ်

ဆောင်ချက်များပေါ် ချိုးနှိမ်ပြောကြားခြင်းအား ကျွန်တော်

ရှုံ့ ချပါတယ် ။ မည်သို့သောအကြောင်းအရာဖြစ်စေကာမူ

အဆိုပါ ရုပ်ရှင်ဇာတ်ကားအားရိုက်ကူးသည့် ဒါရိုက်တာ

တစ်ယောက်အနေဖြင့် ကျေနပ်မှုမရှိခြင်းအပေါ် လူကြီးပီသ

စွာ ပြန်လည်ရှင်းလင်း တောင်းပန်စေချင်ပါတယ်

ကျွန်တော့် မိသားစု မျိုးရိုးသိက္ခာ အသိုင်းအဝန်းများအတွက်

များစွာ နစ်နာမှုအတွက် ဖြေရှင်းချက်ပေးစေချင်ပါတယ်

သို့မဟုတ်ပါက သိက္ခာချမှုဖြင့် ကျွန်တော်အနေနှင့် တရား

ဥပဒေဘောင်အတွင်းမှ ဖြေရှင်းမည်ဖြစ်ကြောင်းနှင့် လူထု

ဆန္ဒဖြင့် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်မည့်အကြောင်း

ဒေါ်ဆွေဇင်ထိုက်အား အကြောင်းကြားအပ်ပါသည်

ရိုသေလေးစားစွာဖြင့်

ဒါရိုက်တာ ပြည်ဟိန်းသီဟ” လို့ရေးထားပါတယ်။

ဒါ့အပြင် အဆိုပါပြောဆိုမှုရုပ်သံနဲ့တကွ “ပရိတ်သတ်ကိုပါ စော်ကားတာပါ

လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ဒီလို နံမည်နဲ့တကွ

ပြောဆိုခြင်းဟာ တစ်ဘက်သား၏ သိက္ခာအတွက်

များစွာထိခိုက်မှုများရှိပါတယ်

ဒါဟာ သိက္ခာချမှု အသားရေဖျက်မှုပါ

ဒါရိုက်တာ နှင့် ထုတ်လုပ်သူတို့ပါမက ကြည့်ရှုအားပေးသော

ပရိတ်သတ်များ

ပါဝင်သရုပ်ဆောင်ကြသော အနုပညာရှင်သမားများကိုပါ

စော်ကားလိုက်ခြင်းပါ

ဖြေရှင်းပေးပါ ဒေါ်ဆွေဇင်ထိုက်ခင်ဗျား

ဒါရိုက်တာ ပြည်ဟိန်းသီဟ” လို့ထပ်မံ ဖြေရှင်းချက်တောင်းတာတာပါ။


05 Jun 2017     1,353 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS