BEC-TERO TV

အသဲလေးက စီးပွားရေး မဆန်တော့ စိုးရိမ်ရတယ်လို့ ပြောလိုက်တဲ့ မိစန္ဒီ

05 Jun 2017     1,243 Views


Rap အဆိုတော် မိစန္ဒီ တစ်ယောက်သူမရဲ့ တတိယမြောက်အခွေဖြစ်တဲ့ အသဲလေး ကို ဖွန်လ ၁၇ ရက်နေ့မှာ ထွက်ရှိတော့မှာလဲ ဖြစ်ပါတယ် ။အခွေနဲ့ ပတ်သတ်ပြီး မိစန္ဒီက

“အခွေထဲက ရေးသားသမျှ သီချင်းစာသားတွေတော်တော်များများက ကိုယ်ပိုင်ခံစားချက်တွေကြီးပါပဲ ။ Title သီချင်း အသဲလေး အပါအ၀င်သီချင်း ၁၀ ပုဒ်လောက်ကိုယ်တိုင်ရေးထားပါတယ် ။ အခွေထဲမှာ လူမှုပတ်ဝန်းကျင်က အကြောင်းအရာလေးတွေ ၊ ဘ၀နဲ့ သတ်ဆိုင်တာလေးတွေ ဦးစားပေးထားပါတယ်။ သိပ်ပြီး commericial မဆန်တဲ့ အခွေမို့ ပရိတ်သတ်တွေနဲ့ အကြိုက်မတူမှာ စိုးရိမ်မိတယ် ။ အကြောင်းအရာ ခပ်ဆန်းဆန်းလေးတွေပါဝင်လို့ ပရိတ်သတ်ကြီး ထူးခြားမှာပါ ။ အရမ်းရယ်ရတဲ့ သီချင်းလေးတွေ အပြင် အရမ်းအသဲ ကွဲတာလဲ နည်းနည်းပါမယ် ။ ရီလိုက်ငိုလိုက်နားထောင်ရမှာပါ” လို့ ပြောထားပါတယ်။

အခွေထွက်မယ့် ဇွန်လ ၁၇ ရက်နေ့ မှာ Promotion ကို လှည်းတန်း Center ( Indoor Area ) မှာ ညနေ ၃နာရီကနေ ၆ နာထိ ကျင်းပမှာလဲ ဖြစ်ပါတယ် ။ 

Credit:Oasis


05 Jun 2017     1,243 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment