BEC-TERO TV

ဆီးနဲ့ပတ်သတ်ပြီး ၅ မိနစ်အတွင်း အရှင်းသက်သက်စေမယ့် သဘာဝနည်း

06 Jun 2017     11,885 Views


ဆီးရောဂါနဲ့ ပတ်သတ်ရင် ဆီးပူ ၊ ဆီးနီ ၊ ဆီးအောင့် ၊ ဆီးကျန် ၊ ဆီးသွေးပါ ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ အခြားဆီးရောဂါတွေအတွက် သဘာဝဆေးနညး်တွေ အများအပြားရှိပါတယ်။
 
နာနတ်ရွက်ပြုတ်သောက်ခြင်း ၊ လက်ဖက်ခြောက်ရေစိမ်သောက်ခြင်း ၊ ဆီးခုံပေါ်သို့ရေခဲတုံးဖိကပ်ပေးခြင်း ၊ ကျောက်ဖရုံသီးဟင်းချို ချက်သောက်ခြင်း ၊ သကြားကို ရေစိမ်သောက်ခြင်း ၊ ဆန်ဆေးရေကိုသောက်ခြင်း အစရှိတဲ့ ဆေးနည်းအများအပြား ရှိပါတယ်။
 
ဒီဆေးနည်းတွေထက် ပိုပြီး လျင်လျင်မြန်မြန်နဲ့ သက်သာမှု ရစေနိုင်တဲ့ ဆေးနည်းရှိပါတယ်။ ဒီဆေးနညး်က အရမ်းလွယ်ကူပါတယ်။
 
ကြက်သွန်နီ ဥ ကြီးကြီး တစ်လုံးကို အခွံခွာ မလှီးဖြတ်မီ ရေစင်အောင် ဆေးပြီး ပါးပါးလှီးကာ ရေသန့် ဒါမှမဟုတ် ရေကျက်အေးထဲထည့်ပြီး သကြား လက်ဖက်စားဇွန်း (၃) ဇွန်းနဲ့ ရောပြီး အဖုံးအုပ်ကာ တစ်နာရီခန့် စိမ်ထားပါ။
 
ရေကို ကြက်သွန်ဖက်မြုပ်အောင် ထည့်ရပါမယ်။ များများသောက်ချင်ရင်တော့ ကြက်သွန်နီများများ သကြား အချိုးကျနဲ့ ရေထပ်ထည့်ပါ။
 
တစ်နာရီလောက်ထားပြီးသွားရင်တော့ ကြက်သွန်နီရည်ကို ရေသောက်သလို များများသောက်ပေးမယ်ဆိုရင် ဆီးရောတွေကို ၅ မိနစ်အတွင်း သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။
 
Source : ဘဝခါးခါး

06 Jun 2017     11,885 Views




RELATED

Most Popular of Health Fix

Most Popular of Entertainment