BEC-TERO TV

ပြည်ပမှာ မစ္စတာသွားပြိုင်မယ့် ကျောက်ရောင်းသမားလေး ခွန်စိုင်း

06 Jun 2017     1,503 Views


ကချင်ပြည်နယ် ဇာတိဖြစ်ပြီး ဗမာကချင်ကပြား ကျောင်းရောင်းသမားလေး ခွန်စိုင်းဟာ ကချင်ပြည်နယ် ပြိုင်ပွဲကြော်ငြာလေးတစ်ခုကို တွေ့ရင်း အနုပညာလောက ထဲက စရောက်လာခဲ့ ပါတယ် ။စပြိုင်တဲ့ ပွဲမှာပဲ အမြင့်ဆုံးဆုကို ရခဲ့တော့ ၀ါသနာပါတာကို ပိုကြိုးစားဖြစ်ခဲ့ ပါတယ် ။ Organizations ရဲ့ teamwork အနေနဲ့ အလုပ်လုပ်ရတဲ့ အတွက် ဗဟုသုတတွေတိုးတယ် ။ပြိုင်ပွဲ အတွေ့အကြုံတွေရတယ်။ ပရိတ်သတ်အရှေ့မှာ Talent တွေ ထုတ်ပြရတဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာတယ် ။

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Mister National Universe 2017 in Thailand ကိုသွားရောက်ယှဉ်ပြိုင်ဖို့ အတွက် ဖွန်၅ ရက်နေ့က ရန်ကုန်ကနေ ထွက်ခွာသွားပြီ ဖြစ်ပြီး ဇွန်၁၄ ရက်နေ့ ပြိုင်ပွဲကြီး ပြီး ရင် ၁၅ ရက်နေ့မှာ ရန်ကုန်ကို ပြန်ရောက်မှာလဲ ဖြစ်ပါတယ်။ ပြိုင်ပွဲ အတွက် နာဂတောင်မှာ ရှိတဲ့ တောရိုင်းလူမျိုးတွေ ၀တ်ဆင်တဲ့ အရာကို ၀တ်ဆင်ပြသဖို့ ပြင်ဆင်ထားတယ်လို့ လဲ ပြောထားပါတယ်။

ပြိုင်ပွဲ အတွက် လိုအပ်တဲ့ training တွေကိုလဲ Organizations က စီနီယာတွေနဲ့ အခြားစီနီယာတွေက သင်ပြပေးပြီး ကိုယ်ကိုတိုင်လဲ youtube ကနေရှာဖွေလေ့လာထားပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။ပြိုင်ပွဲတစ်လျှောက် နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သဘာဝအလှကိုချပြဖို့ ရည်ရွယ်ထားပြီး မစ္စတာ တစ်ယောက်ရှိသင့်တဲ့ Body ရယ် Talent , Smart တို့ကို ကိုယ့်ဘက်ကပြည့်စုံအောင် လေ့ကျင့်ထားပါတယ် ။

ပြိုင်ပွဲ အတွက် Talent ကိုတော့ ကချင်ဓားသိုင်း ပြသသွားမှာဖြစ်ပြီး သေသေချာချာ အလှကွက်တွေကို လေ့ကျင့််ပြီး ရိုးရာဓားသိုင်းအကြောင်းကို ရှင်းပြကပြ သွားမှာလဲ ဖြစ်ပါတယ်။ ပြိုင်ပွဲက ပြန်လာရင်လဲ အနုပညာအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပြီး ကျောက်လောကထဲကို ပြန်ဝင်ဖြစ်တော့ မယ် မထင်ဘူးလို့ ပြောသွားခဲ့ ပါတယ် ။ 

Credit:oasis


06 Jun 2017     1,503 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment