BEC-TERO TV

လေထီးမပါဘဲ လေယာဉ်ပေါ်ကနေ မြေပြင်ပေါ် ခုန်ချခဲ့သူ

06 Jun 2017     1,395 Views


လုံးဝအံ့မခန်းပါပဲ … လေယာဉ်ပေါ်ကနေ လေထီးမပါဘဲ အလွတ်ခုန်ပြီး မြေပြင်ပေါ်ကို ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။ မြေပြင်ပေါ်က ပေ ၁၀၀ ပတ်လည်ရှိတဲ့ ပိုက်ကွန်ဆီကို ဆင်းသက်ခဲ့ရတာပါ။
 
ဒီလို လေထီးအလွတ်ခုန်ခဲ့သူကတော့ လေထီးခုန်ပညာရှင်တစ်ယောက်ဖြစ်သလို အမေရိကန် လေထီးသူရဲကောင်း နည်းပြကျွမ်းကျင်သူ Luke Aikins ဖြစ်ပါတယ်။
 
သူဟာ ၁၂ နှစ်သားအရွယ်ကတည်းက စတင်လေ့ကျင့်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အကြိမ်ပေါင်း ၁ သောင်း ၈ ထောင်ကျော် လေထီးခုန်ပြီး ဖြစ်ပါတယ်။
 
ဒီလိုမျိုး လေထီးအလွတ်ခုန်ဖို့ကိုတော့ လူတစ်ယောက်က သူ့ကို စနောက်ပြီးအကြံပေးခဲ့ပေမယ့် “လေထီးမပါဘဲ ခုန်ချကြည့်ပါလား” လို့ ပြောခဲ့တာကို သူကနောက်ပိုင်းမှာ လက်တွေ့ အကောင်းအထည်ဖော်ခဲ့တာပါ။
 
ဒီလိုခုန်ချဖို့ ကျွမ်းကျင်သူ အင်ဂျင်နီယာများစွာနဲ့ အကြိမ်များစွာ လေ့ကျင့်ပြီး အသေးစိတ်ပြင်ဆင်မှုတွေ အဆင့်ဆင့် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ဇူလိုင် ၃၀ ရက်မှာ လေထီးမပါဘဲ လေယာဉ်ပေါ်ကနေ အလွတ်ခုန်ချတာကို တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တာဖြစ်ပါတယ်။
 
လုခ်ဟာ အမြင့်ပေ ၂၅၀၀၀ ကနေ လေထီးဝတ်စုံမသုံးပဲ ပေတစ်ရာပတ်လည်ရှိတဲ့ မြေပြင်ပေါ်က ပိုက်ကွန်ထဲကို ခုန်ချပြခဲ့တာပါ။ မြေပြင်ပေါ်ရောက်ဖိုပ ၁၂၆ စက္ကန့်သာကြာခဲ့ပြီး တစ်နာရီ မိုင် ၁၅၀ နှုန်းနဲ့ အောက်ကို ကျလာခဲ့တာဖြစ်ပါတယ်။
 
"ကျနော်က စတန့်သမားတွေလို သေချင်သေပါစေ ရအောင်လုပ်မယ်ဆိုတဲ့ မိုက်ရူးရဲတစ်ယောက်မဟုတ်ပါဘူး။
နောက်ဆုံးဖိုင်နယ်ခုန်ချဖို့ လေယာဉ်ပေါ်မှာ ပါသွားတုန်းက တကယ်ကို စိတ်လှုပ်ရှားပူပန်နေခဲ့ရပါတယ်။
ဒါပေမယ့် စနစ်တကျ အသေးစိတ်ပြင်ဆင်မှုတွေကြောင့် ခုလို အောင်မြင်ခဲ့ရတာပါ" လို့လဲ သူ့ရဲ့အလွတ်ခုန်ချခဲ့တဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
 
သူ့အတွက်အကြီးမားဆုံး အခက်အခဲကတော့ "ကျနော့်အတွက် အခက်ခဲဆုံးကတော့ ရည်မှန်းချက်ပိုက်ကွန်ကို မပျောက်သွားဖို့ပါပဲ။ ပေတစ်ရာစီပတ်လည်ရှိလို့ မြေပြင်ကကြည့်ရင် အကြီးကြီးထင်ရပေမယ့် အပေါ်ကနေတော့ တော်တော်သေးပါတယ်ဗျာ" လို့ ပြောပြသွားခဲ့ပါတယ်။
 
Source: People ၊ Coffeetime

06 Jun 2017     1,395 Views




RELATED

Most Popular of Special or Others

Most Popular of NEWS