BEC-TERO TV

လန်ဒန်အကြမ်းဖက်တိုက်ခိုက်သူနှစ်ဦးကို ရဲကထုတ်ပြန်

06 Jun 2017     1,277 Views


အင်္ဂလန်နိုင်ငံ အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့၏ ရဲမှူး Mark Rowley က လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှု တရားခံသုံးဦးထဲမှ နှစ်ဦးကို ဇွန်လ ၅ ရက်နေ့က ဓါတ်ပုံနှင့်တစ်ကွ ထုတ်ပြန်ကြေညာခဲ့သည်။
 
 
အကြမ်းဖက်သူ သုံးဦးထဲမှ Khuram Butt နှင့် Rachid Redouane ဆိုသူနှစ်ဦးကို ထုန်ပြန်ခဲ့ခြင်းဖြစ်သည်။ လန်ဒန်တွင် သုံးလအတွင်း တတိယအကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရွေးကောက်ပွဲကာလကလည်း နီးကပ်လာပြီဖြစ်တဲ့အတွက် ဝန်ကြီးချုပ် Theresa May အနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်လျှက်ရှိသည်။
 
တရားခံနှစ်ဦးထဲမှ Khuram Butt သည် လုံခြုံရေးတာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ကြောင်း ရဲမှူးက ထုတ်ဖော်ပြောကြားခဲ့သည်။ စနေနေ့ည အကြမ်းဖက်တိုက်ခိုက်မှုတွင် လူ ၇ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်မှုကြောင့် လာမည့် ကြာသပတေးနေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ထိခိုက်နိုင်ဖွယ်ရာရှိသည်။
 
ပြီးခဲ့တဲ့ စနေနေ့ညက အကြမ်းဖက်သမား ၃ ဦးက အသေခံဗုံးခွဲဝတ်စုံ အတုများဝတ်ဆင်ကာ လူများကို ခြိမ်းခြောက်ခဲ့ပြီး ဓားနဲ့ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်မှုကို IS အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
 
အသက် ၂၇ နှစ်အရွယ် Khuram Butt သည် အင်္ဂလန်နိုင်ငံသားဖြစ်ကာ ပါကစ္စတန်တွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်သည်။  Rachid Redouane မှာ အသက် ၃၀ ဖြစ်ပြီး Rachid Elkhdar အမည်ကိုလည်း အသုံးပြုခဲ့သူဖြစ်ပြီး ယင်းအမည်နှင့် မွေးသက္ကရာဇ်အရ အသက် ၂၅ နှစ်ဖြစ်ကြောင်းသိရှိရသည်။
 
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၇ဦးသေဆုံး၊ လူ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင် သြစတြေးလျ၊ ဘူလ်ဂေရီးယား၊ ပြင်သစ်၊ ဂရိ နှင့် နယူးဇီလန်နိုင်ငံသားများလည်းပါဝင်ခဲ့ပြီး အချို့မှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း သတင်းရရှိသည်။
 

06 Jun 2017     1,277 Views




RELATED

Most Popular of International News

Most Popular of NEWS