BEC-TERO TV

ကာတာအခြေစိုက်လေကြောင်း၊ရေကြောင်း ဆက်သွယ်မှုများကို ပိတ်ပင်

06 Jun 2017     1,303 Views


ကာတာနိုင်ငံဟာအစ္စလာမ်မစ်စစ်သွေးကြွတွေကိုထောက်ပံ့ပေးထားတယ်ဆိုပြီးဘာရိန်း၊အီဂျစ်၊ဆော်ဒီနဲ့ယူအေအီးနိုင်ငံတွေက ကာတာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးဖြတ်တောက်လိုက်သလို  လေကြောင်းနဲ့ ရေကြောင်း ဆက်သွယ်မှုတွေပါ ပိတ်ပင်ဖို့ စီစဉ်ထားရှိတယ်လို့ChannelNewAsiaမှာဖော်ပြထားပါတယ်။

 

ဒါ့အပြင်ကာတာနိုင်ငံမှာထားရှိတဲ့သံအမတ်တွေကိုလည်ပြန်လည်ခေါ်ဆောင်နေပါပြီ။ပြီးခဲ့တဲ့ဇန်န၀ါရီကနေမတ်လအထိခရီးသည်ပေါင်း၉.၈သန်းကျော်ကိုဝန်ဆောင်မှုပေးခဲ့တဲ့ဒေသတွင်းအကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ ကာတာ အဲဝေးစ်အပေါ်ဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိလာမလဲဆိုတာရှင်းလင်းတိကျတဲ့သတင်းတွေထွက်မလာ သေးပါဘူး။

 

လက်ရှိမှာတော့ ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံတွေကိုကျော်လွှားပြီး ကမ္ဘာတစ်လွှားခရီးသွားဖို့ဆိုတာကတော့ အတော်လေးမလွယ်ကူသလိုလေကြောင်းခရီးစဉ်တွေအတွက် အနှောက်အယှက်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့သတင်းမှာ ဖ်ာပြထားပါတယ်။မနေ့က ဆော်ဒီအနေနဲ့ကာတာလေကြောင်းလိုင်းတွေကိုပိတ်လိုက်သလို အိဂျစ်ကလည်းအလားတူဆုံးဖြတ်ချက်တွေနဲ့အတူ လေကြောင်းလိုင်းတွေကိုရပ်ဆိုင်းလိုက်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကာတာအစိုးရကတော့ မှတ်ချက်တစ်စုံတစ်ရာ မပြောသေးပါဘူး။


06 Jun 2017     1,303 Views




RELATED

Most Popular of International News

Most Popular of NEWS