နယူးကာဆယ်ကစားသမားဟောင်း တီအိုတီ ရုတ်တရက် သေဆုံး
06 Jun 2017 1,909 Views

နယူးကာဆယ်အသင်း၏ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သော အိုင်ဗရီကို့စ်ကွင်းလယ်လူ တီအိုတီသည် တရုတ်နိုင်ငံတွင် လေ့ကျင့်ရေးကွင်း၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။လက်ရှိ တရုတ် ဒုတိယတမ်း ကလပ်မှာ ကစားနေတဲ့ နယူးကာဆယ် ကွင်းလယ်လူဟောင်း တီအိုတီဟာ ဘေဂျင်းအန်တာပရိုက်စ်အသင်း မှာ လေ့ကျင့်ရေး ဆင်းနေစဉ်မှာပဲ ရုတ်တရက် သေဆုံးသွားခဲ့တာပါ။


အေးဂျင့်ဖြစ်သူကတော့ တီအိုတီဟာ လေ့ကျင့်ရေးကွင်းမှာ ထိခိုက်မိပြီး လဲကျသွားခဲ့ရာကနေ သေဆုံးခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောဆိုသွားပြီး၊ သေဆုံးရခြင်း အကြောင်းအရင်း တိတိကျကျကိုတော့ ပြောပြဖို့ ငြင်းဆန်သွားခဲ့ပါတယ်။








