BEC-TERO TV

အမျိုးသမီးတစ်ဦးကို ဓားစာခံဖမ်းထားတဲ့ သေနတ်သမားကို သြစတေးလျရဲ အသေပစ်သတ်

06 Jun 2017     1,283 Views


သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဇွန်လ ၅ ရက်က အမျိုးသမီးတစ်ဦးကို သေနတ်သမားတစ်ဦးက ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။

ကမ်းခြေနားက သူဌေးရပ်ကွက်အတွင်းက တိုက်ခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်မှာ ရဲတပ်ဖွဲ့က သေနတ်သမားနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် အမျိုးသမီးကို ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ပစ်သတ်ခဲ့ရတယ်လို့ ပြောပါတယ်။

အဆိုပါဖြစ်ရပ်မှာ ရဲအရာရှိ ၃ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် ဓားစာခံအမျိုးသမီးကို တစ်နာရီအကြာမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒနဲ့ သက်ဆိုင်မှုရှိမရှိကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ သိရပါတယ်။

Sorce : DVB


 


06 Jun 2017     1,283 Views




RELATED

Most Popular of International News

Most Popular of NEWS