ယာဉ်တိုက်မှုနဲ့သေဆုံးတဲ့ ကျောင်းသူဖြစ်ရပ်မှန်ကို ရိုက်မယ့် ဖွေးဖွေး
06 Jun 2017 1,578 Views

သရုပ်ဆောင်ပိုင်းမှာ ပြောစရာ မလိုအောင်ကြိုက်ကြပြီး ကာရိုက်တာ အသစ်တွေရိုက်ကူးရတာ သဘောကျတဲ့ ဖွေးဖွေးဟာ အခုတခါမှာလဲ ကာရိုက်တာ ဆန်းဆန်းလေး တခုကို ရိုက်ကူးအုံးမယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ သေဆုံးခဲ့ တဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် နည်းပညာ တကကသိုလ် ကျောင်းသူတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဘ၀အကြောင်းကို ရိုက်ကူးဖို့ အတွက် လေ့လာပြင်ဆင်နေပြီလဲ ဖြစ်ပါတယ်။

“ဖွေးကာရိုက်တာ အသစ်တွေ သရုပ်ဆောင်ရတာ သဘောကျတယ် ။ အချစ်ဇာတ်လမ်းမဟုတ်ပဲ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုရိုက်ဖို့ ရှိတယ် ။ ဖွေးတခါမှ မရိုက်ဘူးတဲ့ ကာရိုက်တာလေးပါ ။ ဇူလိုင်လမှာ စတင်ရိုက်ကူးမှာလဲ ဖြစ်ပါတယ်။ ဖွေး လိုအပ်တာတွေ အတွက်လည်း ပြင်ဆင်လေ့လာထားတယ်” လို့ ပြောသွားခဲ့ ပါတယ် ။

Credit:Xpress





