BEC-TERO TV

ကလေးမွေးမှ အဘိုးအရင်းက ၁၄ နှစ်အရွယ်မြေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ပေါ်ပေါက်

06 Jun 2017     1,271 Views


ထိုင်းနိုင်ငံမှ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အဘိုးအရင်းဖြစ်သူရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကို ခံခဲ့ရပြီး ကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၁၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဆိုပါ မိန်းကလေးဟာ ဗိုက်နာလို့ ဆေးခန်းလာပြချိန်မှ ကိုယ်ဝန်ရှိနေမှန်းသိခဲ့ရတာဖြစ်ပြီး သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့တယ်လို့ ဇွန်လ ၅ ရက်က ထုတ်ဝေတဲ့ ထိုင်းသတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

ဆရာဝန်တွေက ကလေးရဲ့ဖခင်ကို မေးမြန်းခဲ့ချိန်မှာ ဒီအဖြစ် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အဖွားနဲ့ အဖေဖြစ်သူတို့က ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကလေးမလေးဟာ အဘိုးအဘွားနဲ့အတူ နေထိုင်တာဖြစ်ပြီး အဘိုးက စက်ရုံတစ်ရုံမှ လုံခြုံရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ညပိုင်းမှာအလုပ်လုပ်ရတာမို့ တစ်နေကုန် အိမ်မှာရှိနေတတ်ပြီး အဘွားအပြင်ထွက်ချိန်တွေမှာ မြေးဖြစ်သူကို တယောက်ယောက်ကို ပြောရင် သတ်ပစ်မယ်လို့ ဓားကိုင်ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ကလေးမွေးဖွားတဲ့ သတင်းကြားပြီးချိန်မှာ မူးမေ့လဲသွားခဲ့တဲ့ အဘိုးဖြစ်သူကို ဆေးရုံကိုပို့ဆောင်ထားပြီး သတိပြန်ရရင် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Source : DVB


 


06 Jun 2017     1,271 Views




RELATED

Most Popular of International News

Most Popular of NEWS