BEC-TERO TV

ကျားခံတွင်းရောက်သွားတဲ့ မြည်းငယ်လေး (အရှင်လတ်လတ်မြည်းကို ကျားအစာကျွေးတဲ့ရုပ်သံ)

06 Jun 2017     1,347 Views


မြင်ကွင်းကတော့သွေးပျက်လောက်ပါရဲ့၊သားရဲတစ်ကောင်က တိရစ္ဆာန်အရှင်တစ်ကောင်ကို ကိုက်စားလိုက်တာကို မျက်ဝါးထင်ထင်မြင်လိုက်ရရင်တော့ အတော်လေးကိုခြောက်ခြားစေမှာပါ။ဒီရုပ်သံဖိုင်မှာတော့ ကိုယ်တိုင်တွေ့မြင်ရမှာပါ။ လာရောက်လည်ပတ်တဲ့သူတွေ နဲ့ကြည့်ရှုသူတွေတောင် ကြောက်လန့်စေတဲ့ မြင်ကွင်း တစ်ခုဖြစ်ခဲ့တယ်လို့သတင်း မှာဖော်ပြထားပါတယ်။

 

မြည်းအရှင်တစ်ကောင်ကိုတိရစ္ဆာန်ရုံကတာဝန်ရှိသူတွေကကျားကိုအစားကျွေးခဲ့တာပါ။အဆိုပါတိရစ္ဆာန်ရုံကတရုတ်နိုင်ငံကတိရစ္ဆာန်ရုံဖြစ်ပြီးလာရောက်လည်ပတ်ကြသူတွေအတွက်တော့အတော်လေးထိတ်လန့်ကြောက်ရွံ့သွားစေပါတယ်။ပုံမှန်အားဖြင့် သားရဲတွေကို အစာကျွေးရာမှာ အသေသားတွေကိုသာကျွေးလေ့ရှိပါတယ်။

 

တရုတ်နိုင်ငံ Chanzhou ပြည်နယ်မှာရှိတဲ့ Yancheng တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနေရာမှာ ကျားတွေကို မြည်းအ ရှင်တစ်ကောင်း ကျွေးခဲ့ပါတတယ်။တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်ကြတဲ့ ကြည့်ရှုသူတွေအကုန်လုံး ထိတ်လန့်ကြောက်ရွံ့ကုန်ကြပါတယ်။ စိတ်မကောင်းစရာမြင်ကွင်းအစမှာတော့ မြည်းလေးက အသက်ဘေးကြောက်လို့ ကျားရှိရာနေရာကို ကုန်တင်ကားနောက်တွဲကနေ တွန်းချတာကိုအတင်းရုန်းပေမယ့်နောက်ဆုံး ရေတိမ်ကန်လေးထဲကို ကျသွားပါတယ်။ရေထဲရောက်ချိန်မှာတော့ ကျား တစ်ကောင်က ရေထဲကနေ အမဲဖျက်သလို၊ကျန်တစ်ကောင်ကတော့ ကုန်းပေါ်ကနေ အလစ်ချောင်ကိုက်စွဲ ကြပါတယ်။

 

ရေထဲမှာ မြည်းလေးက မလှုပ်နိုင်ဘဲ နောက်ဆုံးမှာတော့ အမဲလိုက်သူတွေကြား ရေတိမ်နစ်လိုက်ရပါတော့တယ်။ ဗိုက်ဆာနေတဲ့ ကျားနှစ်ကောင်က မြည်းလေးကို မိနစ်၃၀ကြာအတွင်းအမဲဖျက် အဆာအတွက် စားသောက်လိုက်တယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြထားကြပါတယ်။

 


06 Jun 2017     1,347 Views




RELATED

Most Popular of Special or Others

Most Popular of NEWS