BEC-TERO TV

လူသားအားလုံးကို တုန်လှုပ်စေတဲ့ သားအဖ မေတ္တာ

06 Jun 2017     1,261 Views


သားအဖကြားက မေတ္တာတရားကတော့အတော်လေး တုန်လှုပ်စေပါတယ်။အဖေအတွက် သားဖြစ်သူကိုယ်တိုင် ပထမတန်း တက်စဉ်က ပြုလုပ်ပေးခဲ့တဲ့ ပိုကီမွန်လည်စီးကို အမြတ်တနိုးနဲ့သူ့သားဘွဲ့ယူချိန်မှာ ၀တ်ဆင်တက်ရောက်ကာ သားမေတ္တာနဲ့ဖခင်မေတ္တာကိုဖော်ကျူးခဲ့တဲ့ သတင်းလေးကိုတင်ပြပေးလိုက်ပါတယ်။

သားဖြစ်သူအမည်က Dylan Olivo ဖြစ်ပြီးအဖေဖြစ်သူအမည်ကတော့ Robert ပါ။ Dylan Olivo ပထမတန်း တက်စဉ်က ဖခင်များနေ့(Father’s Day)အတွက် သူ့အဖေကို ကိုယ်တိုင်လုပ်ထားတဲ့ ပိုကီမွန်လည်စည်းလေး လက်ဆောင်ပေးခဲ့ပါတယ်။ ၁၁နှစ်အကြာမှတော့ အဖေဖြစ်သူ Robert က သူ့သားဖြစ်သူ အထက်တန်းကျောင်းပြီးမြောက်ခြင်း ဘွဲ့ယူအခမ်းအနားမှာ အဆိုပါလည်စည်းလေးကို ကျကျနန ၀တ်ဆင်ကာအခမ်းအနားတက်ရောက်ခဲ့ပါတယ်။အဖေနဲ့သားမေတ္တာတရားကတော့ ဖတ်တဲ့သူအပေါင်း ကြည်နူးစေပါတယ်။


06 Jun 2017     1,261 Views




RELATED

Most Popular of International News

Most Popular of NEWS