BEC-TERO TV

ရည်းစားကို ညလယ်စာကျွေးဖို့ချိန်းပြီး သူငယ်ချင်းတွေ့နဲ့ ဝိုင်းဝန်းအဓ္ဓမကျင့်

07 Jun 2017     1,334 Views


အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက ရည်းစားဖြစ်သူ၏ ညလည်စာစားရန် ချိန်းဆိုမှုကြောင့် သွားရောက်ခဲ့ရာ နောက်ဆုံးတွင် ရည်းစားနှင့် သူ၏သူငယ်ချင်းများ၏ အုပ်စုလိုက် မုဒိန်းကျင့်ခံရမှုတစ်ခု မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
 
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မလေးရှားနိုင်ငံ ကလန်တန်မြို့၊ ပါဆာမက်စ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရည်းစားဖြစ်သူ ကောင်လေး၏ ချိန်းဆိုခဲ့မှုကြောင့် သွားရောက်ခဲ့ရာ ကောင်လေးက သူ၏ သူငယ်ချင်း ၅ ယောက်နဲ့အတူ ကြိုတင်ကြံစည် စောင့်ဆိုင်းကာ မုဒိန်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းစာတွင် ဖော်ပြရေးသားခဲ့သည်။
 
မိန်းကလေးက ထွက်ပြေးရန် အားထုတ်ခဲ့သော်လည်း အုပ်စုလက်မှ မလွတ်မြောက်ခဲ့ပေ၊ ထို့ပြင် သူတိုခြိုင်းသည့်အတိုင်း မလိုက်နာပါက ပါးစပ်ထဲသို့ ဗျောက်အိုးထည့်ဖောက်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။
အားရကျေနပ်အောင် ပျော်ပါးခဲ့ကြပြီးနောက် မိန်းကလေးအား သူ၏ သူငယ်ချင်းအိမ်တွင် ခတ္တနေရန် နံနက် ၄ နာရီတွင် ပြန်ပို့ပေးခဲ့ကြောင်း သိရှိရသည်။
 
ဇွန်လ ၃ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်အချိန်တွင် မိန်းကလေးက ရဲစခန်းသို့ သတင်းပို့တိုင်ကြားခဲ့သဖြင့် ကျူးလွန်ခဲ့သူ အသက် ၂၀ နှင့် ၃၂ နှစ်ကြား အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့နိုင်ခဲ့သည်။ ကျန်တစ်ဦးမှဦ လွတ်မြောက်နေဆဲဖြစ်ပြီး ဆက်လက် စုံစမ်းရှာဖွေလျှက်ရှိသည်။
 
ဖမ်းဆီးရမိသူ ၅ ဦး၏ ဆေးစစ်ချက်များအရ ၃ ဦးမှာ မူးယစ်ဆေးသုံးစွဲသူဖြစ်ကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူများကို အုပ်စုဖွဲ့မုဒိန်းကျင့်မှု ဥပဒေအရ နှစ် ၃၀ ထက်မနည်း ထောင်ဒဏ်ကျခံရနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

07 Jun 2017     1,334 Views




RELATED

Most Popular of International News

Most Popular of NEWS