BEC-TERO TV

တစ်မိသားစုလုံးရဲ့ မုဒိန်းကျင့်ခြင်းခံရတဲ့ မိန်းကလေး ကိုယ်ကိုကိုယ် အဆုံးစီရင် (ရုပ်သံ)

07 Jun 2017     4,181 Views


နေ့စဉ်နဲ့အမျှ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံနေရပါတယ်။အဆိုးဆုံးက သွေးသားရင်းချာတွေကိ ဆိုးရွားတဲ့လုပ်ရပ်တွေနဲ့ အနိုင်ကျင့်နေကြတာပါ။ဒီသတင်းကတော့ စိတ်မကောင်းစရာပါ။ တစ်အိမ်လုံးနီးပါး မုဒိန်းကျင့်ခြင်းခံရတဲ့ အမျိုးသမီးငယ်တစ်ယောက် မိမိကိုယ်ကို သတ်သေခဲ့တဲ့ သတင်းပါ။သူမကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ရာမှာ ဖခင်၊အကို၊ဦးလေးအပါအ၀င် မိသားစုအသိုက်အ၀န်းသာမက သူငယ်ချင်းတွေကပါ ပြုကျင့်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

သူမအမည်က Pitchie Inoue ဖြစ်ပြီး ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသူပါ။ သူမဟာ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်မလုပ်ခင် ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်နေစဉ်အတွင်း သူမရဲ့ဖခင်အရင်း ၊ အကိုများ မောင်များ ဦးလေးများနဲ့ ဆွေမျိုးတွေရဲ့ မိတ်ဆွေယောကျာင်္းလေးဖြစ်သူများရဲ့ မှုဒိန်းကျင့်ခြင်းကို နေ့စဉ်ခံခဲ့ရသူဖြစ်ပါတယ်။

Pitchie Inoue အတွက် အနာကျင်ရဆုံးကတော့ သူမကို သွေးသားရင်းချာများက အမြဲစော်ကားနေတာကို သူမမိခင်ကိုယ်တိုင် သိရှိပေမယ့် ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ တိတ်တဆိတ်သာ နေထိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပေမယ့် သူမကို မုဒိန်းကျင့်ခဲ့ဖူးသူတစ်ယောက်က Pitchie Inoue အနေနဲ့ ဘဝသစ်တစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် သေသွားမှသာဖြစ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့လိုက်ရာ Pitchie Inoue လည်း အိပ်ဆေးလက်ဆုပ်စာကို အကုန်သောက်ပစ်လိုက်ပြီး သူမရဲ့ မလှပတဲ့ ဘဝကြီးကို အဆုံးသတ်ခဲ့လိုက်ပါတယ်။

ဒီလို သေကြောင်းမကြံစည်ခင်မှာလည်း Pitchie Inoue က သူ့ရဲ့ဘဝအကြောင်းကို ဖုန်းနဲ့ဗီဒီယိုရိုက်ကူးပြီး ပြောဆိုသွားခဲ့ပါတယ်။သူဗီဒီယိုဖိုင်မှာတော့ ၀မ်းနည်းစွာပြောဆိုမှုနဲ့အတူအိပ်ဆေးများစွာသောက်ခဲ့မှုကို တွေ့ရမှာပါ။


07 Jun 2017     4,181 Views




RELATED

Most Popular of International News

Most Popular of NEWS