BEC-TERO TV

တစ္ဆေပျောက်ကြော်ငြာ ဇာတ်လမ်းတွဲရိုက်ကူးစဉ် တစ္ဆေခြောက်ခံလိုက်ရတဲ့ နန်းစု

07 Jun 2017     1,365 Views


တစ္ဆေပျောက်ကြော်ငြာ ဇာတ်လမ်းတွဲရိုက်ကူးစဉ် တစ္ဆေခြောက်ခံလိုက်ရလို့ဖျားခဲ့ရတယ်လို့ နန်းဆုရတီစိုးကပြောကြားခဲ့ပါတယ်။

MNTV Channel မှ ဇွန် ၁၁ ရက် (တနင်္ဂနွေနေ့) ည ၈ နာရီတွင် စတင်ထုတ်လွှင့်ပြသမည့် ''တ္ဆေ ပျောက်ကြော်ငြာ'' ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားသည့် နန်းဆု ရတီစိုးက ရိုက်ကူးစဉ် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ''ဒီကားလေးက တကယ်ကိုကြောက်စရာလည်း ကောင်းတယ်၊ ဇာတ်အိမ်လည်းကောင်းတဲ့ ဇာတ်လမ်းတွဲ လို့ပြောလို့ရနိုင်ပါတယ်၊ နန်းဆုအတွက် ပထမဆုံး ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲပါ၊ ဒီကားလေးရိုက်နေတုန်း အလွန်လည်းပင်ပန်းခဲ့ရတယ်၊ နန်းဆုဖျားတောင်ဖျားခဲ့ရတယ်၊ ညတိုင်းရိုက်ရတာဆိုတော့၊ လူကလည်းပန်းနေပြီး၊ ပြိုကျ၊ ပျက်စီးတော့မယ့် တိုက်ပျက်၊ အိမ်ပျက်တွေမှာ ရိုက်ခဲ့ရတယ်၊ အဲ့ဒီရိုက်ကွင်းတွေကို ပြင်ဦးလွင်တို့ ရန်ကုန်တို့မှာ ရိုက်ခဲ့တာပါ၊ အများဆုံးက သင်္ချိုင်းမြေမှာရိုက်ခဲ့တာများတယ်၊ သရဲ၊ တစ္ဆေဆိုတာ ကိုယ်မမြင်ရတော့ ကြောက်တော့မကြောက်ဘူး၊ ဒါပေမယ့် ခြံကြီးထဲမှာ မီးဆိုလို့၊ ရှုတင်က ထွန်းထားတဲ့မီးလောက်ပဲရှိတာ၊ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက အမှောင်ထု ပဲရှိတယ်၊ ဖုန်းတွေဆိုလည်း သူ့အလိုလိုရွေ့သွားတာတွေ၊ စကားသံတွေ ဘယ်ကနေလာ နေမှန်းမသိ ကြားနေရတာတွေ၊ အဲ့ဒီလိုမျိုးတွေ တွေ့ရတော့ လူက နည်းနည်း ကြောက်လာတယ်။ ၃ရက်၊ ၄ ရက်လောက် လူကဖျားသွားတယ်။ ဒီကားမှာ နန်းဆုက Channel တစ်ခုရဲ့ Marketing အဖြစ်နဲ့သရုပ်ဆောင်ထားတာပါ၊ အဲ့ဒီလို အိမ်အို၊ အိမ်ဟောင်းကြီးတွေရဲ့ အကြောင်းကို ရိုက်ကူးရတဲ့သူလေးအဖြစ်နဲ့ပါ''ဟု ပြောသည်။


တစ္ဆေပျောက်ကြော်ငြာဇာတ်လမ်းတွဲကို နှစ်နှစ်ကျော်အချိန်ပေးရိုက်ကူးခဲ့ရပြီး၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဆူးခတ်နေ၊ ဒါရိုက်တာ သည်ခေတ်နေ၊ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ ကျော်ကျော်၊ ဇေယျ၊ မြတ်သူအောင်၊ မိုးမိုး၊ ဇော်ဇော်အောင်၊ နန်းဆုရတီစိုး၊ သ္တွာမြင့်မိုရ်၊ နွယ်ဒါလီထွန်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီးBo Bo production ကနေ စီစဉ်ရိုက်ကူးပြီးSky Net ရုပ်သံMNTV Channel မှထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

Source: ပြည်မြန်မာ


07 Jun 2017     1,365 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS