BEC-TERO TV

စီးပွားရေးလုပ်တော့မယ့် မေပန်းချီ

07 Jun 2017     1,822 Views


အသက် ၂၇ မတိုင်ခင်စီးပွားရေးလုပ်မယ်လို့အင်တာဗျူးတွေမှာဖြေခဲ့တဲ့ မေပန်းချီဟာ အခု အသက်၂၆ လဲ ရှိနေပြီဖြစ်တဲ့အတွက် အခုထဲက စီးပွားရေးကို ကြိုတင်လုပ်ထားမှ အသက်၃၀ လောက်ဆို မတော်ဖြစ်မှာလို့လဲ ပြောသွားခဲ့ ပါတယ်။ အနုပညာရှင်တော်တော်များများက နောက်ခံစီးပွားရေးရှိတယ် ဒါ့ကြောင့်မို့စီးပွားရေးလုပ်ဖြစ်တာ အစကတော့ စားသောက်ဆိုင် ၊ Beauty Saloon ၊ သုံးလေးမျိုးလောက်စဉ်းစားပြီး Jean ဆိုင်ဖွင့်ဖြစ်ဖို့ အကြံရသွားခဲ့ တာပါ ။ရန်ကုန်တမြို့လုံးမှာ ဂျင်းဝတ်စုံနဲ့ ပတ်သတ်ရင် စုံတယ်ဆိုတာမျိုးလေးဖြစ်ချင်တယ် ။

ဆိုင်နာမည်ကိုတော့ Kate Amazing လို့ အမည်ပေးထားပါတယ် ။ ပရိတ်သတ်တော်တော်များများက ပန်းချီ ၀နေလည်း ကိတ်တယ် ပိန်နေလဲ ကိတ်တယ် လို့ပြောကြတော့ ကိတ်တာနဲ့ ပန်းချီနဲ့ တွဲရက်ဖြစ်နေတော့ Kate amazing လို့ ပေးဖြစ်သွားတာလဲ ဖြစ်ပါတယ် ။ စီးပွားရေးကြီးပဲ မလုပ်ပဲ အနုပညာကို လဲ ဆက်လက်လုပ်ကိုင်သွားမှာပါ ။

လက်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးထားပြီး ဓါတ်ပုံရိုက် ၊ဂျာနယ် မဂ္ဂဇင်းကြော်ငြာ ရိုက်တွေရှိပြီး ပြင်ဦးလွင်ကို ရုပ်ရှင်ကားကြီးရိုက်ဖို့ လဲ ရှိတယ်လို့ ပြောသွားခဲ့ ပါတယ်။ 

Credit:oasis


07 Jun 2017     1,822 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment