BEC-TERO TV

အပြစ်ရှိသူတွေကို ထူးထူးခြားခြား ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး

07 Jun 2017     1,307 Views


အမေရိကန်နိုင်ငံ အိုဟိုင်းအိုး ပြည်နယ်က တရားသူကြီးတစ်ဦးဖြစ်သူ Michael Cicconetti ဟာ အပြစ်ကျူးလွန်သူတွေကို တရားဥပဒေစာအုပ်တွင် ပြဌါန်းထားသည့် ပြစ်ဒဏ်များအစား မှတ်လောက်သားလောက် ဖြစ်စေမည့် ပြစ်ဒဏ်များကိုသာ ချမှတ်တတ်သည့်အတွက် နာမည်ရနေသော တရားသူကြီဂတစ်ဦးလည်း ဖြစ်သည်။
 
 
တရားသူကြီး Micheal ဟာ တစ်နေ့လျှင် အမှုပေါင်း ၃၀၊ ၄၀ လောက် ကိုင်တွယ်ဖြေရှင်းနေရသူတစ်ဦးလည်း ဖြစ်သည်။ သူဟာ ဥပဒေရေးရာကျွမ်းကျင်သူ ဖြစ်သော်လည်း ဥပဒေပြဌါန်းချက်အတိုင်းသာ စီရင်ချက်ချတာဟာ ကောင်းမွန်မှန်ကန်တယ်လို့ မယုံကြည်သူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ပြစ်မှုကျုးလွန်သူတွေ အပေါ် သူတို့နဲ့ သင်တော်တဲ့ ပြစ်ဒဏ်မျိုးကို တစ်မူထူးခြားစွာ စီရင်ချက်ချတတ်သူလည်းဖြစ်ပါတယ်။ ပြစ်မှုပြစ်ဒဏ်အရ ထောင်ချလိုက်ရင် ပြီးတယ်ဆိုပေမယ့် အပြစ်ကျူးလွန်သူဟာ နောက်ထပ် ဒီလိုအပြစ်မျိုး မကျူးလွန်ရအောင် စဉ်းစားချင့်ချိန်ပြီး ပုံစံတစ်မျိုးနဲ့ ပြောင်းလဲ အပြစ်ပေးတတ်ပါတယ်။
 
 
တစ်ရက်တွင် လူမြင်ကွင်း ပန်းခြံထဲမှာ လိင်ဆက်ဆံနေတဲ့ စုံတွဲ ရဲကဖမ်းမိလာပြီး တရားရုံးတင် စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် တရားသူကြီး Michael က အဆိုပါစုံတွဲကို ပန်းခြံတစ်ခုလုံးမှာရှိတဲ့ အမှိုက်များနဲ့ သုံးပြီးသားကွန်ဒုံးများပါမကျန် သန့်ရှင်းခိုင်းပြီး သတင်းစာမှတစ်ဆင့် သူတို့ရဲ့ လုပ်ရပ်ကို မြင်တွေ့ခဲ့သူများအား တောင်းပန်ကြောင်း ကြော်ငြာထည့်သွင်းစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
 
အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သော အမှုများလည်း ရှိသေးသည်။
ဆောင်းတွင်းရာသီမှာ ကြောင်လေးတစ်ကောင်အား သစ်တောတွင်းမှာ စွန့်ပစ်ထားခဲ့သည့် အမျိုးသမီးကို ပြစ်ဒဏ်ချရာတွင် အလားတူစွာပင် သစ်တောထဲမှာ အစာအသောက်နှင့်ရေ၊ နေစရာတို့ကိုမပေးပဲ တောတွင်းမှာ နေစေခဲ့ပြီး အနွေးဓါတ်အတွက် မီးဖိုခွင့်တော့ ပြုခဲ့သည်။
 
နောက်ထပ်အမှုတစ်ခုမှာ လူလယ်ကောင်တွင် ရဲအရာရှိအား “ဝက်”ဟု စော်ကားမော်ကားပြောဆိုခဲ့သည့် အမျိုးသားကို လူစည်ကားရာ လမ်းထောင့်တစ်နေရာတွင် ဝက်တစ်ကောင်နှင့်အတူ တစ်နေကုန်မတ်တပ်ရပ်နေစေပြီး “ဒါဟာ ရဲမဟုတ်ပါ” ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ထားစေခဲ့သည်။
 
 
ဘုရားကျောင်းတစ်ခုရှိ Jesus ရုပ်တုပေါ်တွင် 666 ဟု စာရေးသားခဲ့သည့် လူငယ်နှစ်ဦးကို မြည်းတစ်ကောင် ဆွဲစေပြီး ခရစ်ယာန်ဘာသာ သမိုင်းထဲက Mary နဲ့ Joseph တို့အတိုင်း ဝတ်စားကာ မြို့အနှံ့လှည့်လည်စေခဲ့သည်။
 
 
Alyssa Morrow ဆိုသူ အမျိုးသမီးက သူမ၏ သမင်တစ်ကောင်ကို တစ်ပတ်ခန့် မစောင့်ရှောက်ခဲ့သည့်အတွက် တိရိစ္ဆာန်အပေါ်လစ်လျူရှုမှုဖြင့် ထောင်ဒဏ် သုံးလ ကျခံစေရမည့်အစား သူမကို အမှိုက်ပုံတွင် ၈ နာရီကြာ အမှိုက်ကောက်ရန် အမိန့်ချမှတ်ခဲ့သည်။
 
 
Alyssa Morrow က ထောင်ဒဏ် ၃ လအစား အမှိုက်ကောက်ရသည့်အတွက် ပြစ်ဒဏ်ကို ကျေကျေနပ်နပ်နှင့် ခံယူခဲ့သည်။ တရားသူကြီး Michael ၏ ဥပဒေအဆုံးအဖြတ်မှာ အပြစ်အတွက် ထောင်ဒဏ်ကျခံပြီးသော်လည်း အလားတူအပြစ်မျိုး ထပ်မံမကျူးလွန်ဘူးလို့ မယုံကြည်သည့်အတွက် ကိုယ်ချင်းစာတရားနှင့် လက်တွေ့ဆန်သော အသိတရားရရှိရန် ပိုမိုလိုလားခြင်းမျိုးဖြစ်သည်။
 

07 Jun 2017     1,307 Views




RELATED

Most Popular of Special or Others

Most Popular of NEWS