BEC-TERO TV

မြင့်မြတ်နဲ့ရိုက်ရမှာမို့ ဇာတ်ရုပ်တောင်မကြည့်ဘဲလက်ခံလိုက်တယ်ဆိုတဲ့ ရွှေထူး

07 Jun 2017     2,330 Views


လူငယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှု ရရှိထားတဲ့ အဆိုတော် ရွှေထူးက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေရှိပါတယ်။

ဒါပေမယ့် လက်ကတက်တူးတွေကြောင့် များသောအားဖြင့် လူမိုက်နေရာကနေ ငှားကြတာမျာပြီး ထိုးနှက် ဖိုက်တင်ချ ၊ အချိုးမပြေတဲ့ နေရာကပဲ သရုပ်ဆောင်ရတာ များတယ်လို့ ရွှေထူးကပြောပါတယ်။

“ကျွန်တော့်ကို ရုပ်ရှင်ထုတ်လုပ်ရေးတွေကရော ဒါရိုက်တာတွေကရော လာချိတ်တိုင်း တက်တူးတွေနဲ့ဖြစ်တဲ့ အတွက် ကျွန်တော့်ကို အမြဲတမ်း လူမိုက်နေရာကပဲ ထည့်ပါတယ်။ သနားဖို့ကောင်းတဲ့ ကောင်လေး တစ်ယောက်နေရာက မထည့်ပါဘူး။ အမြဲတမ်း ထိုးနှက်ရမယ်။ ဖိုက်တင်ချရမယ်။ အချိုးမပြေတဲ့ နေရာမျိုးကပဲ သရုပ်ဆောင်ရတာများပါတယ်” လို့ ရွှေထူးကပြောပါတယ်။

လက်ရှိမှာ ရွှေထူးက မြင့်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ မြင့်မြတ်နဲ့ရိုက်ရမှာဖြစ်လို့ ဇာတ်ရုပ်တောင်မကြည့်ဘဲ လက်ခံထားတယ်လို့ ပြောပါတယ်။

“မြန်မာမီဒီယာဆဲဗင်းက ကိုဝေမင်းမောင်က ကျွန်တော့်ကို ရုပ်ရှင်ကားကြီး ရိုက်ဖို့ကမ်းလှမ်းတယ်။ ကိုမြင့်မြတ်နဲ့ ရိုက်ရမယ်ပြောတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အရမ်းကို ကြိုက်ရတဲ့ မင်းသား၊ အဲ့ဒါကြောင့်လည်း ကျွန်တော်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ် နေရာ တောင်  မကြည့်ဘဲနဲ့  လက်ခံဖြစ်ခဲ့တာပါ။ ကျွန်တော်အများကြီး ကြိုးစားမယ်။ ရိုက်ဖြစ်အောင်လည်းရိုက်မယ်” လို့ ရွှေထူးကပြောပါတယ်။

ရွှေထူးက ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားမှာလည်း နေတိုး ၊ မိုးစက်ဝိုင် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source : MMK , Duwun


07 Jun 2017     2,330 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment