BEC-TERO TV

အချစ်အတွက်ဗီလိန်ဖြစ်ရတာကြိုက်တဲ့ ရွှေမှုန်ရတီ

07 Jun 2017     1,258 Views


သရုပ်ဆောင် ကောင်းပြီး post တွေအရမ်းမိုက်တဲ့ ရွှေမှုန်ရတီဟာ လက်တလောရုံတင်ပြသနေတဲ့ ချိုမြိန်သော လက်စားချေခြင်းဇာတ်ကားမှာ အချစ်အတွက်ဗီလိန်နေရာကနေ သရုပ်ဆောင်ထားပါတယ် ။ ဗီလိန် နေရာကနေ သရုပ်ဆောင်ရပေမယ့် ပရိတ်သတ်အားပေးမှု ကို ရရှိထားသူလဲ ဖြစ်ပါတယ် ။ ဒီဇာတ်ကားကို စရိုက်ဖို့ ပြောကတည်းက ကာရိုက်တာကိုကြိုက်တယ် ။ အဲ့ဒါကြောင့် လက်ခံ ခဲ့ တာပါ ။

ဗီလိန်လုပ်ရတာကို ကြိုက်တယ် ပရိတ်သတ်တွေကအားပေးလို့ ပိုပျော်ရပါတယ်။ အရင်ကတော့ ပရိတ်သတ်တွေက ဗီလိန် ဇာတ်ရုပ်ကို သဘောမကျကြဘူး ။ နောက်ပိုင်းတော့ အားပေးလာကြတယ် ။ ကိုယ်လုပ်ရင်လုပ်နိုင်သလို အားပေးကြတယ် ။ ဒီဇာတ်ကားထဲ ကလို အချစ်အတွက် ဗီလိန် လုပ်ရတာမျိုးကို လည်း ကြိုက်တယ် ။ အောင်ရဲလင်းနဲ့ တွဲပြီး ရိုက်ထားတဲ့ ဗီလိန် ကာရိုက်တာ နောက်တကားလဲ ရှိသေးတယ်လို့ ပြောပြသွားခဲ့ ပါတယ် ။ 

Credit:oasis


07 Jun 2017     1,258 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment