BEC-TERO TV

ဆွေဇင်ထိုက်ပြောကြားခဲ့မှုတွေအတွက် တရားစွဲသွားမည့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

07 Jun 2017     1,335 Views


မင်းလည်းဘိုကေ၊ငါလည်းဘိုကေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ က လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ဆွေဇင်ထိုက်ကို ဖြေရှင်းချက်တောင်းခဲ့သလို လက်ရှိမှာတော့ဆွေဇင်ထိုက်ပြောကြားခဲ့မှုတွေအတွက် တရားစွဲသွားမယ်လို့ လူမှုကွန်ရက်ကနေ ပြောကြားခဲ့ပါတယ်။ let's talk အစီအစဉ်မှာ ဆွေဇင်ထိုက် ပြောကြားခဲ့မှုတွေအတွက် အခုလို လုပ်ဆောင်ဖို့စီစဉ် နေကြောင်းနဲ့ ပရိတ်သတ်ကိုပြောနေတာ မဟုတ်ကြောင်း ဖေ့စ်ဘွတ်ကနေ ပြောကြားထားပါတယ်။

“ ကျွန်တော် သေချာစဉ်းစားပြီးဆုံးဖြတ်
လိုက်ပါပြီ

တရားစတင်ဆွဲပါတော့မယ်
ဘာဖြစ်လို့လဲ ဆိုတော့ နောက်လာနောက်သားတွေ
အတွက် ယခုလို မကြုံရအောင်နဲ့ ကျွနိတော်တို့ရဲ့ ဆင်ဆာ
အဖွဲ့ဝင်လူကြီးများထဲမှ လူသန့်သွားအောင် အကယ်ဒမီ
ဘုတ်အဖွဲ့မှ လူသန့်သွားအောင် လောကအတွက်
လုပ်လိုက်ပါတော့မည်
လုပ်တော့မလုပ်ချင်ပေမယ့် ဘုန်းကြီးခေါင်းခေါက်ပြီးမှ
ကန်တော့ပုံစံမျိုး တွေ နောက်မလုပ်ရဲကြရအောင်ပါ
ဘေးနားက အားပေးအားမြောက်နဲ့ တွနိးအားပေးနေသော
သူများကိုပါ ခေါ်ယူသွားမည့်အကြောင်း အသိပေးလိုက်
ပါသည် ကျွန်တော်အလုပ်ပျက်ချင်ပျက်သွားပါစေ လောက
အတွက် လူသန့်သွားအောင် လုပ်ဖို့ဆုံးဖြတ်လိုက်ပါပြီ
ကျွန်တော်တို့က သူတို့လက်ခုပ်ထဲကရေတွေ ဘဝပါ
သို့သော် ယနေ့ခောတ်တွင် ဒီလိုလုပ်ချင်တိုင်းလုပ်လို့မရပါ
ပြောချင်တိုင်းပြောလို့မရပါဆိုတာကို အများပြည်သူသိစေချင်ပါတယ် မဟုတ်ရင် Facebook မှာရော အပြင်မှာရော
ရေးချင်တိုင်းရေးကြ ဝေဖန်ကြ ပြောဆိုကြ နဲ့ ရှုတ်နေပါလိမိ့မည်

ဒါရိုက်တာ ပြည်ဟိန်းသီဟ” လို့ လူမှုကွန်ရက်မှာပြောကြားထားပါတယ်။

Source: ဒါရိုက်တာ ပြည်ဟိန်းသီဟ ဖေ့စ်ဘွတ်


07 Jun 2017     1,335 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS