Big Bang အဖွဲ့ဝင် T.O.P ရဲ့ နောက်ဆုံးရ ကျန်းမာရေးအခြေအနေ
07 Jun 2017 1,539 Views

TOP ကို Mokdong မှာရှိတဲ့ Ewha University Hospital မှာ ကုသနေပါတယ်။
TOP ကိုဆေးရုံရောက်အောင် လူ ၃ ယောက်က သယ်လာခဲ့ရတာဖြစ်ပြီး ဆေးရုံရောက်ခါစမှာ သူ့အခြေအနေဟာ သွေးပေါင်ချိန်ရော နှလုံးခုန်နှုန်းရော အရမ်းမြင့်နေပါတယ်။
TOP သောက်ခဲ့တဲ့ ဆေးဟာ စိတ်လှုပ်ရှားမှုကို ကုသဖို့ ဆရာဝန် ညွှန်ကြားချက်နဲ့ အသုံးပြုတဲ့ ဘင်ဇိုဒိုင်ယာဇီပင် အုပ်စုထဲကဖြစ်ပြီး ဆေးဘယ်နှစ်လုံးသောက်ခဲ့တယ်ဆိုတာ အတိအကျမသိရပေယ့် တော်တော်များတယ်လို့် ဆိုနိုင်ပါတယ်။ သူ့ဆီးစစ်ချက်ထဲမှာ ဒီဒြပ်ပေါင်းတွေတွေ့ရပါတယ်။ ဒါကလွဲလို့ ကျန်တဲ့ ဆေးသောက်ထားတဲ့ လက္ခဏာမတွေ့ရပါဘူး။
အခုထိလည်း TOP ရဲ့ ခန္ဓာကိုယ်က ကောင်းကောင်းတုံ့ပြန်မှုမရှိသေးလို့ သတိပြန်မရသေးဘူးလို့ သတ်မှတ်ရမယ့် အခြေအနေပါ။ သူ့အနေနဲ့ နေပြန်ကောင်းဖို့ အချိန်တော်တော်ကြာကြာယူရပါမယ်။ အနည်းဆုံး တပတ်လောက်ကြာပါမယ်။
မျက်လုံးက တုံ့ပြန်မှုမရှိသေးသလို အသက်ရှုနှုန်းလည်း နှေးနေတဲ့အတွက် အထူးကြပ်မတ်ကုသဆောင်မှာ အောက်ဆီဂျင်စက်နဲ့ ထားထားရပါတယ်။ သူ့သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် မြင့်များမှုကြောင့် နှလုံးခုန် ရပ်သွားနိုင်ပါတယ်။
ဆရာဝန်တွေကတော့ လက်ရှိ TOP ရဲ့အခြေအနေဟာ အရမ်းအန္တရာယ်ရှိတယ်လို့ မှတ်ချက်ချပါတယ်။
အကုန်လုံးဖြေရှင်းပြီးရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးသွားဖို့လဲ ရှိပါတယ်။
Credit : YG Family Myanmar





