BEC-TERO TV

“အပွင့်” ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်းရိုက်ကွင်းအနီး မိုးကြိုးပစ်ခဲ့တဲ့ ရုပ်သံမှတ်တမ်း

07 Jun 2017     2,173 Views


ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ “အပွင့်” ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း မိုးကြိုးပစ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းလေးပါ။ အဆိုပါဇာတ်ကား ရိုက်ကူးနေစဉ်မှာ ရိုက်ကွင်း အနီးတစ်ဝိုက်ရှိ နေရာကိုမှုတည်ကာ မိုးကြိုးပစ်ခဲ့ပုံကိုအမှတ်တမဲ့ ရိုက်ကူး ရယူနိုင်ခဲ့တာပါ။

မင်းမော်ကွန်းကို မတူညီတဲ့ ပုံရိပ်နဲ့ဒီဇာတ်ကားမှာ ထူးခြားစွာမြင်နိုင်မှာဖြစ်သလို အဆိုပါအခန်းစဉ် ရိုက်နေစဉ်မှာ အနီးတစ်ဝိုက်ကို မိုးကြိုးပစခဲ့တာပါ။ရိုက်ကွင်းကတော့ ထူးထူးခြားခြားထိခိုက်မှုမရှိခဲ့ပါပေမယ့် အမှတ်တရ ရုပ်သံလေးဖြစ်ခဲ့ပါတယ်။

“ဪ အနုပညာလုပ်ရတာလည်း မလွယ်ပါလားနော်

ရိုက်ကွင်းနား ကပ်သီးလေး မိုးကြိုးပစ်ချလိုက်၍

လျှပ်တစ်ပျက် ရိုက်ချက်လေးပေါ့ ” လို့ဒါရိုက်တာ ပြည်ဟိန်းသီဟက ဆိုပါတယ်။

အပွင့်ဇာတ်ကားကိုဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးတာဖြစ်ပြီးမင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ရွှေသမီး၊သွန်းဆက်၊ခင်လှိုင်၊ဒိန်းဒေါင်၊တက္ကသိုလ်ဂွမ်းပုံနဲ့ ၀ါရင့်အနုပညာရှင်များစွာပါဝင်အားဖြည့်ထားပါတယ်။ ပြိုင်ကား၊မင်းလည်းဘိုကေ ငါလည်းဘိုကေ၊ ဘောစိ အစရှိတဲ့ ဇာတ်ကားတွေက ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ ဒါရိုက်တာတစ်ယောက်ပါ။


07 Jun 2017     2,173 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS