BEC-TERO TV

လေဆိပ်ဝန်ထမ်းကို ပါးရိုက်ခဲ့တဲ့ PhD ကျောင်းသူကို ပြင်သစ်လေကြောင်းလိုင်း အမည်ပျက်စာရင်းသွင်း

07 Jun 2017     1,267 Views


ဝူဟန်တက္ကသိုလ်မှ PhD ကျောင်းသူတစ်ဦးက လေဆိပ် check-in ကောင်တာမှ ဝန်ထမ်းကို ပါးရိုက်ခဲ့မှုကြောင့် အဆိုပါ ကျောင်းသူကို ပြင်သစ်လေကြောင်းလိုင်း AirFrance က အမည်ပျက်စာရင်းသွင်းခဲ့သည်။
 
အသက် ၃၆ နှစ်အရွယ် PhD ကျောင်းသူ Zhang ဆိုသူသည် ဇွန်လ ၁ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ပြင်သစ်လေကြောင်းလိုင်း AirFrance နှင့်လိုက်ပါရန် သူမ၏ ခင်ပွန်း၊ ကလေးနှင့်အတူ လေဆိပ်သို့ ရောက်လာခဲ့ရာ လေယာဉ်ပေါ်တက်ရန် နောက်ဆုံးအချိန်ထက် ၁၄ မိနစ်ခန့် နောက်ကျခဲ့သဖြင့် ကောင်တာဝန်ထမ်းက ဝင်ခွင့်မပြုတော့ပေ။ ယင်းကဲ့သို့ လေယာဉ်ပေါ်တက်ခွင့်မပြုတော့သည်ကို မကျေနပ်သဖြင့် လေဆိပ်ကောင်တာဝန်ထမ်းကို ကိုယ်ထိလက်ရောက် သုံးလေးချက်ခန့် ပါးရိုက်ခဲ့သည်။
 
 
လေဆိပ်လုံခြုံရေးများ ရောက်ရှိလာကာ ဆွဲခေါ်သွားခဲ့ပြီးနောက် လေဆိပ် ထိန်းသိမ်းရေးစခန်းတွင် (၁၀)ရက် ထိန်းသိမ်းခံခဲ့ရသည်။ AirFrance လေကြောင်းလိုင်မှလည်း သူမ၏ ရိုင်းပျသော အပြုအမူအတွက် အမည်ပျက်စာရင်းသွင်းခဲ့သည့်အတွက် AirFrance လေကြောင်းလိုင်း စီးနင်းခွင့်မရှိတော့ပေ။
 
 
ယင်းကိစ္စဖြစ်ပျက်ခဲ့ပြီးနောက် လေဆိပ်တာဝန်ရှိသူများက ခရီးသည်များအား လေယာဉ်ချိန်အမီ အရောက်လာကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ 
PhD ကျောင်းသူ၏ လေဆိပ်ဝန်ထမ်းအပေါ် မောက်မာစွာဖြင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး သူမကို ပြင်းထန်စွာ ဝေဖန်ရှုံ့ချလျှက်ရှိသည်။
 
 

07 Jun 2017     1,267 Views




RELATED

Most Popular of Special or Others

Most Popular of NEWS