အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို ခွေးနဲ့ရှုးတိုက်နှိပ်စက်တဲ့အမှု
08 Jun 2017 1,378 Views

သင်္ဃန်းကျွန်းမြို့နယ်မှာ အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို ခွေးနဲ့ရှုးတိုက်
နှိပ်စက်တာတွေလုပ်လို့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။ အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးတစ်ဦးကို အိမ်ရှင်ဖြစ်သူက အိမ်မှာမွေးထားတဲ့ခွေးနဲ့
ရှူးတိုက်ခိုင်းခြင်း၊ အညိုအမဲစွဲလောက်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့တာကြောင့်
ရပ်ကွက်ရာအိမ်မှူးက တရားလိုလုပ်ပြီး ရဲစခန်းမှာ ယခုလ ၃ ရက်နေ့တွင် အမှုဖွင့်ခဲ့ကြောင်း
သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ကြီးပွားရေးရပ်ကွက် အောင်မေတ္တာလမ်း၊ တိုက်အမှတ် (၄)၊ အခန်း
၂၂ မှာနေသူ မနီလာဝင်း (ခေါ်) မသဲသဲချိုရဲ့နေအိမ်မှာ အိမ်အကူလုပ်နေတဲ့ အသက် ၁၂ နှစ်အရွယ်
မသန္တာလှိုင်ဟာ ယခုလ ၃ ရက်နေ့က အညိုအမဲဒဏ်ရာနဲ့ထွက်ပြေးလာတဲ့အတွက် ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူမေးမြန်းရာကနေ အိမ်ရှင်ရဲ့ နှိပ်စက်ညှဉ်းပန်းထားကြောင်း သိရတဲ့
အတွက် အမှုဖွင့်တိုင်ကြားခဲ့ရတာဖြစ်တယ်လို့ တရားလို တိုင်ကြားသူဖြစ်တဲ့ အဆိုပါရပ်ကွက်ရဲ့
ရာအိမ်မှူး ဦးအောင်ကြည်ဝင်းရဲ့ တိုင်ကြားစာအရ သိရပါတယ်။
မသန္တာလှိုင်ကို ဇွန်လ ၃ ရက်နေ့တုန်းက လက်ဖက်ရည်တစ်ခွက်ဝယ်ခိုင်းရာမှာ နှစ်ခွက်ဝယ်လာတဲ့
အတွက် အိမ်ရှင် မနီလာဝင်းက ကြက်တောင်မွေး၊ တံမြက်စည်းတို့နဲ့ ရိုက်တာ၊ ဖိနပ်နဲ့ရိုက်တာ၊
လည်ပင်းညှစ်တာ၊ ဦးခေါင်းကိုနံရံနဲ့ဆောင့်တာတွေ လုပ်တယ်လို့ တိုင်ကြားစာထဲမှာ ဖော်ပြထား
ပါတယ်။
ဒီဖြစ်စဉ်ကို သုဝဏ္ဏရဲစခန်းမှာ ရာဇ၀တ်ပုဒ်မ ၃၂၅ (တုံးသောလက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)
နဲ့ အမှုဖွင့်ဆောင်ရွက်လျက်ရှိပါတယ်။အခင်းဖြစ်ရာနေ့မှာပဲ စံပြဆေးရုံသို့ တင်ကာ ဆေးစစ်ချက်
ယူနေတုန်း ယခုလ ၄ ရက်နေ့ည နေပိုင်းမှာ ဆေးရုံတာဝန်ကျသူများ ခွင့်ပြုချက်တောင်းခံခြင်း၊
အသိပေးခြင်းမပြုဘဲနဲ့ မသန္တာလှိုင်ကို ဆေးရုံးပေါ်ကနေ လူတစ်စုက သူ့အိမ်ရှင်ဖြစ်တဲ့ မနီလာဝင်း
တို့ရဲ့နေအိမ်ကို တိတ်တဆိတ် ပြန်လည်ခေါ်ဆောင်သွား တယ်လို့ သိရတဲ့အတွက် မိမိတို့နဲ့ ရဲတပ်ဖွဲ့
က အဆိုပါမိန်းကလေးကို ပြန်လည်ခေါ်ဆောင်ကာ ဆေးရုံကို ပြန်ပို့ပေးခဲ့ရ တယ်လို့ ဦးအောင်ကြည်ဝင်း
က ပြောပါတယ်။
Source: ဗိုလ်ဗိုလ်