BEC-TERO TV

YBS ခရီးသည်တင်ယာဉ်အကူအား ဓား၊ သံတုတ်တို့ဖြင့် ထိုးခုတ်၊ရိုက်နှက်

08 Jun 2017     1,463 Views


သာကေတမြို့နယ်၌ YBS ခရီးသည်တင်ယာဉ်အား ပုလင်း၊ လေးခွတို့ဖြင့်ပစ်ပေါက်ကာ ယာဉ်အကူအား ဓား၊ သံတုတ်တို့ဖြင့် ထိုးခုတ်၊ရိုက်နှက်သူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ YBS ယာဉ်မောင်းဖြစ်သူ ကို-----သည် ၎င်းမောင်းနှင်သော အမှတ်(၃၁)YBS ခရီးသည်တင်ယာဉ်ပေါ်၌ယာဉ်အကူများဖြစ်သူ ကို----နှင့် ကို----တို့လိုက်ပါလျက် ဇွန်လ ၄ ရက်နေ့က
ဗိုလ်တထောင်ဘုရားရှေ့၊ လမ်း(၅၀)မှ အရှေ့ပိုင်းတက္ကသိုလ်(တာဝ)သို့ မောင်းနှင်လာခဲ့ရာ သာကေတမြို့နယ်၊ ရှုခင်းသာပန်းခြံအနီးအရောက်၌ အမျိုးသမီး၂ ဦးမှ ယာဉ်အားတားသဖြင့် အရှိန်လျော့၍ မောင်းနှင်လာစဉ် အမျိုးသမီး
၂ ဦးအနီး၌ 8E---- လိုက်ထရပ်အဖြူရောင်ယာဉ်အားတွေ့မြင်ခဲ့ရကြောင်း၊၎င်းလိုက်ထရပ်ယာဉ်ပေါ်၌ အမျိုးသား ၂ ဦးမှဆင်းလာပြီး YBS ခရီးသည်တင်ယာဉ်ကို ပုလင်း၊ လေးခွတို့ဖြင့်ပစ်ခဲ့ရာ ထိမှန် ခဲ့ခြင်းမရှိကြောင်း၊
(၅)ကွေ့မှတ်တိုင်အရောက် ခရီးသည်အတင်အချပြုလုပ်နေစဉ် အဆိုပါလိုက်ထရပ်ယာဉ်မှာ ၎င်းမှတ်တိုင်သို့ရောက်ရှိလာပြီး ယာဉ်ပေါ်၌ အမျိုးသား၈ ဦးခန့်နှင့် အမျိုးသမီး ၂ ဦးတို့ပါရှိသည်ကို တွေ့မြင်ရကြောင်း၊ ၎င်းနောက်လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသား ၅ ဦးခန့်မှ ၎င်းမောင်းနှင်သော YBSယာဉ်ပေါ်သို့တက်ကာ ယာဉ်အကူဖြစ်သူ အမျိုးသားတစ်ဦးအား ဓား၊သံတုတ်တို့ဖြင့် ထိုးခုတ်ရိုက်နှက်သဖြင့် ယာဉ်အကူအမျိုးသားတွင်
ဦးခေါင်းဝဲဘက်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲပုခုံးပြတ်ရှဒဏ်ရာ ၁ ချက်၊၀ဲ/ယာလက်မောင်း ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင်အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ ပြုလုပ်သူများကို စုံစမ်းဖော်ထုတ်အရေးယူပေးရန်တိုင်တန်းချက်အရ သာကေတမြိုမရဲစခန်း(ပ)၅၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၃၃၆/၁၁၄ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်စဉ်၌အသုံးပြုခဲ့သည့် လိုက်ထရပ်ယာဉ် နှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ သာကေတမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များကပူးပေါင်းစုံစမ်းခဲ့ရာ အဆိုပါယာဉ်မှာသာကေတအ၀ိုင်းနှင့်ဆူးလေဘုရား၊သန်လျင်မြို့နယ်၊ဘုရားကုန်းကျေးရွာခရီးစဉ်အတိုင်းပြေးဆွဲကြောင်းနှင့်ယာဉ်ပိုင်ရှင်မှ ၎င်းယာဉ်ကိုလွန်ခဲ့သော(၂၀)ရက်ခန့်ကသာကေတမြို့နယ်နေဇော်သိန်း(ခ)ဇော်လေးထံသို့ငှားရမ်းထားကြောင်းသိရသဖြင့်
ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်၁၀/တောင်ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်မှ အခင်းဖြစ်စဉ်အသုံးပြုခဲ့သည့်မော်တော်ယာဉ်နှင့်အတူ ဇော်သိန်း(ခ)ဇော်လေး၊ (၄၂)နှစ်နှင့် ယာဉ်အကူဖြစ်သူ ရဲမင်းသိန်း၊ (၂၄)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်သာကေတမြို့နယ်နေသူများဖြစ်ကြသည့် ပေါလေး(ခ)စောဝင်းထွဋ်နှင့်မဲကြီး(ခ)မျိုးထွန်းအောင်တို့အပြင် ကျန်အမျိုးသား ၂ ဦးလည်းပါဝင်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် ၎င်းတို့၏ အုပ်ထိန်းသူများမှ ပေါလေး(ခ)စောဝင်းထွဋ် ၊ (၂၇)နှစ်နှင့်မဲကြီး(ခ)မျိုးထွန်းအောင်၊ (၂၉)နှစ်တို့အား လာရောက်အပ်နှံပေးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူဇော်သိန်း(ခ)ဇော်လေးပါ(၄)ဦးတို့အားဖမ်းဆီးရမိခဲ့ပြီးအမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Yangon Police


08 Jun 2017     1,463 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS