BEC-TERO TV

သတို့သား ၈၄ နှစ် + သတို့သမီး ၈၄ နှစ် ၆၅ နှစ်တိုင် သစ္စာ၊မေတ္တာ ရှိကြောင်း ပြတဲ့ ချစ်သက်သေ

08 Jun 2017     1,379 Views


ဒီနေ့ (၅.၆.၂၀၁၇ )မင်္ဂလာပွဲ တစ်ခုမှာ အခမ်းအနားမှုးနဲ့အသိသက်သေအဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။ ဒီလိုဆောင်ရွက်ရမယ် လို့ဘယ်တုံးက မှမထင်မိ ခဲ့ပါဘူး။ဒီလိုပွဲမျိုးလည်းတစ်ကြိမ်တစ်ခါမှမမြင်ဘူး မကြားဘူးခဲ့ပါဘူး။

ဒီမင်္ဂလာပွဲမှာ သတို့သား ကတော့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌကြီး အဘ ဦးခင်မောင်လေး(ခ)ဖိုးသောကြာ (ခေတ်+မိုး)နဲ့ သတို့သမီး ကတော့ ဆရာမဒေါ်ရီရီသိန်း (ခ)ဒေါ်နန်းကြာရီတို့ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ် ဧပြီ ၁၇ ရက်မှာလက်ထပ်ခဲ့ကြတဲ့ အဘတို့ဇနီးမောင်နှံ ဟာမင်္ဂလာသက်တမ်း ၆၄ နှစ် ကျော် ၆၅ နှစ်ကာလအတွင်း ၀င်ရောက် လာချိန်မှာအခုလို တစ်ကျော့ပြန် လက်ထပ်မင်္ဂလာပွဲကိုဆင်ယင်နွဲခဲ့တာလည်း ဖြစ်ပါတယ်။အခုချိန်မှာ အဘတို့နှစ်ဦးစလုံး ရဲ့အသက်က၈၄ နှစ် ရှိနေကြပါပြီ.

''အဘ သူ့ကို ယူမယ်ဆိုတော့ သူအဖေကတင့်တောင့်တင့်တယ် တောင်းရမ်းလက်ထပ်ယူရမယ်ပြောတယ်။ ဒါနဲ့ သတင်းထောက်ကဘယ်ကလာပိုက်ဆံရှိမှာတုံး။ ဒါနဲ့ကင်မရာကိုရောင်းလိုက်တော့ ၄၀၀ ရတယ်။၂၀၀ ကိုမင်္ဂလာပွဲ လုပ်တယ်။ ၂၀၀ ကို လက်ထပ်လက်စွပ် လုပ်ပြီးတင်တောင်းရတာပေါ့။နောက်တော့ သူကရန်ကုန်မလိုက်တော့ သျှောင်နောက်ဆံထုံးမပါပဲ ဆံထုံးနောက်သျှောင်ပါရတော့တာပေါ့။ နောက်တော့ ရန်ကုန်မှာသတင်ထောက်အလုပ်ရ။ ၂၀၀ လောက်ရတာပေါ့။၄၅ ကျပ်နဲ့ အခန်းလေး ငှါးနေပြီးဘ၀စခဲ့တာဒီနေ့အချိန် ဒီလို ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရတယ် လို့အဘက ပြောပါတယ်။

အဲဒီအချိန်တုံးက လူမျိုးရေးကိစ္စအရမ်းကိုဆတ်ဆတ်ထိမခံတဲ့အချိန်ပေါ့။ ဗမာတွေကသစ္စာ မရှိဘူး။ စောမွန်လှကိုကြည့်။ အဲဒီလိုပစ်ထားလိမ့်မယ်လို့ပြောနေကြချိန်ပေါ့။ဒါကြောင့်အဘက ဒီအချိန်ထိ သူ့အပေါ်မှာမေတ္တာ သစ္စာ ဘယ်လောက် ရှိလဲ။ ဒီအချိန်ထိ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းနေတာကိုပြချင်တယ်။ အဘကနောင်လာနောင်သားတွေကို အတုယူစေချင်တယ် လို့ အဘက မင်္ဂလာ ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းပြပါတယ်။

 

မင်္ဂလာ ပွဲကိုတော့ ဆရာဦးဟန်ညွန့်(ဥပဒေ)BA.Law,LLB အငြိမ်းစား ညွှန်ကြားရေးမှုးချုပ်(ရှေ့နေချုပ်ရုံး)
၊မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်က ဦးဆောင်ကျင်းပပေးခဲ့ပြီး လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
ဆရာဦးဟန်ညွန့်(ဥပဒေ)ကလည်းသူ့သက်တမ်းအတွင်းမှာ မင်္ဂလာ ပွဲမြောက်များစွာ လက်မှတ်
ထိုးပေးခဲ့ရပေမယ့်အခုအကြိမ်မျိုးကတော့ ပထမဆုံး ပါပဲ၊ လို့ ရသမြောက်စကားလုံးတွေနဲ့
တန်ဆာစီကာ မင်္ဂလာ ပွဲကိုလှပအောင်မြင်အောင်ဆောင်ရွက်ပေးခဲ့ပါတယ်။ကျနော်နဲ့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ရုံးအဖွဲ့မှုးဦးအောင်သူမြိုင် တို့ကအသိသက်သေများအဖြစ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သားသမီး၊မြေး၊မြစ် မိသားစုအစုံအလင်တက်ရောက်ကြပါတယ်။မိသားစုနဲ့ အဘအိမ်မှာအကျဉ်းရုံးကျင်းပခဲ့တဲ့ အဘတို့ရဲ့ ၆၅ နှစ်မြောက်မင်္ဂလာသက်တမ်းမှာ တစ်ကျော့ပြန် လက်ထပ်မင်္ဂလာပွဲကတော့ပျော်ရွှင်ကြည်နူးစွာနဲ့ အောင်မြင်စွာ
ပြီးဆုံးခဲ့ပါတယ်။အိမ်အပြန်လမ်းမှာတော့အဘပြောတဲ့စကားလေးကိုအမှတ်ရနေမိပါတော့တယ်။

သစ္စာ၊မေတ္တာ ရှိကြောင်း ပြတဲ့
ချစ်သက်သေတဲ့

Source : Kyaw Swa Min

 


08 Jun 2017     1,379 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS