ကျောင်းသား၊ကျောင်းသူများအားအတွက် ယာဉ်စီးခနှုန်းထား ၀န်ကြီးညွှန်ကြား
08 Jun 2017 1,390 Views

မူလတန်း၊အလယ်တန်းကျောင်းသားကျောင်းသူများအားယာ ဉ်စီးခ ၁၀၀ ကျပ်သာကောက်ခံရန် ဝန်ကြီး ညွန်ကြား ထားကြောင်း သိရှိရပါတယ်။၃ ၆ ၂၀၁၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှာ ပြုလုပ်တဲ့ YBS ယာဉ်လိုင်း
များအစည်းအဝေးမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ မူလတန်း အလယ်တန်း ကျောင်းသားကျောင်းသူများအား ယာဉ်စီးခ ၁၀၀ ကျပ်သာကောက်ခံရန် ယာဉ်လိုင်းတာဝနိရှိသူများအား ညွန်ကြားခဲ့ပါတယ်။
ကျောင်းဖွင့်ရာသီမှာ ကျောင်းသား ကျောင်းသူ ကလေးငယ်များ အဆင်ပြေစေရေးအတွက်နှင့်ကျောင်းသားမိဘများ အဆင်ပြေစေရေးအတွက်လို့သိရပါတယ်။ထို့နောက် အစည်းအဝေးတက်ရောက်လာသောယာဉ်ပိုင်ရှင် တစ်ဦးမှ ဆွေးနွေးရာတွင်၁၉၉၆မော်ဒယ်၁၉၉၇မော်ဒယ်ခရီးသည်တင်ယာဉ်များမှာစက်စွမ်းအားကျဆင်း၍ဘော်ဒီကြံ့ခိုင်မူ့များမကောင်းတော့ပါသောကြောင့် အပ်နှံခွင့်ရှိမရှိတင်ပြရာတွင်၁၉၉၆ မော်ဒယ်နှင့် ၁၉၉၇ မော်ဒယ်များမှာ အပ်နှံခွင့်ရရှိစေရေး အတွက် ပြည်ထောင်စု အစိုးရသို့တင်ပြဆွေးနွေးထားပါကြောင်းနှင့်နောင်တစ်ချိန်တွင်ညာမောင်းခရီးသည်တင်ယာဉ်များအားမိန်းလမ်းမကြီးများတွင်ပြေးဆွဲခွင့်ကန့်သတ်တော့မည်ဖြစ်ပါကြောင်းနှင့်
မီနီဘတ်စ် ယာဉ်များအား ၂ နှစ်အတွင်း ယာဉ်ကြီးများနှင့် မစားထိုးပြေးဆွဲမည်ဖြစ်ကြောင်း ဝန်ကြီးမှညွန်
ကြားခဲ့ပါတယ်။
မြို့တော်အင်္ဂါရပ်နှင့်ညီသောယာဉ်များဖြစ်ပေါ်လာစေရန် တစ်ဆင့်ခြင်းဆောင်ရွက်သွားမည်ဖြစ်
ကြောင်းလည်းဝန်ကြီးမှ ညွန်ကြားခဲ့ပါတယ်။
Source: ကိုတရုတ်လေး