BEC-TERO TV

ကားတိုက်ခံရတာ မထူးဆန်းသလိုနေတဲ့ ကြောက်စရာလူ့အဖွဲ့အစည်း

08 Jun 2017     1,273 Views


လမ်းပေါ်မှာ သွားလာလှုပ်ရှားနေချိန် သင့်ရှေ့မှာ လူတစ်ယောက် ကားတိုက်ခံရတာကို တွေ့လိုက်ရတဲ့အခါ သင်ဘာလုပ်မလဲ..? 
အနည်းဆုံးတော့ ဘေးပတ်ဝန်းကျင်ကို အကူညီတောင်းကာ ကားတိုက်ခံရသူကို သွားရောက်ကူညီမည် (သိုမဟုတ်) ကြောက်လန့်တစ်ကြားနဲ့ ကြက်သေသေနေမိမည် မဟုတ်ပါလား။  ဘာမှမဖြစ်ခဲ့သလိုမျိုး ကိုယ်နဲ့မဆိုင်သလို မသိကျိုးကျွံပြုပြီး အေးအေးလူလူ ခရီးဆက်နိုင်မယ်လို့တော့ မထင်ပါဘူး။ 
 
ဒါပေမယ့် တရုပ်နိုင်ငံက လူတွေကတော့ ရက်စက်စွာဖြင့် လျစ်လျူရှုနိုင်ခဲ့ပါတယ်။
ဟန်နန်ပြည်နယ်မှာရှိတဲ့ ကားလမ်း လူကူးမျဉ်းကြားတစ်ခုရဲ့ အလယ်မှာ အမျိုးသမီးတစ်ဦးတည်း ကားလမ်းကူးဖို့ ကားစောင့်နေပါတယ်။ လူကူးမျဉ်းကြားရဲ့ တစ်ဖက် တစ်ချက်စီမှာတော့ ကားလမ်းကူးဖို့စောင့်နေတဲ့ လူတွေ၊ စက်ဘီးသမားတွေ ရှိနေခဲ့ပါတယ်။
 
 
ရုတ်တရက် တက္ကစီတစ်စီးက လူကူးမျဉ်းကြားရဲ့ အလယ်မှာ လမ်းကူးဖို့စောင့်နေတဲ့ အမျိုးသမီးကို အိရှိန်နဲ့ ဝင်တိုက်ခဲ့ပါတယ်။ အရှိန်ပြင်းလွန်းလို့ အမျိုးသမီးဟာ လေထဲမြောက်တက်သွားပြီး ကတ္တရာလမ်းပေါ် ကန့်လန့်ဖြတ် ပြန်ကျလာပါတယ်။ လူကို ဝင်တိုက်ခဲ့တဲ့ တက္ကစီဟာ မရပ်ပဲ ဆက်မောင်းသွားခဲ့သလို လူကူးမျဉ်းကားမှာ စောင့်နေတဲ့ လူတွေကလည်း ဘာမှမဖြစ်သလို ဒီအတိုင်းပဲ ကြည့်နေခဲ့ပါတယ်။
 
 
အဲဒီအချိန်မှာ ကားရှင်းသွားပြီး လူကူးမီးလဲ စိမ်းသွားပြီမို့ ကားလမ်းကူးသူတွေဟာ ကားတိုက်ခံရပြီး လဲကျနေတဲ့ အမျိုးသမီးနံဘေးကနေ ဘာမှ မဖြစ်သလို အေးအေးလူလူပဲ လမ်းဖြတ်ကူးသွားခဲ့ပြီး သူမကို လှည့်ကြည့် ကူညီမယ့်သူ မရှိခဲ့ပါဘူး။
 
 
 
သူမက အားယူပြီး ပြန်ထဖို့ ကြိုးစားတဲ့အချိန် နောက်ထပ် SUV အမျိုးအစား ကားတစ်စီးက ထပ်မံဖြတ်ကြိတ်ခဲ့ပါတယ်။ ကားတစ်စီးလုံးဖြတ်ကြိတ်ခဲ့ပြီးနောက် ကားဟာ မလှမ်းမကမ်းမှာ ရပ်သွားပြီး ကားထဲက ယာဉ်မောင်း ပြေးထွက်လာကြည့်တာကို စီစီတီဗီရဲ့ အဆုံးပိုင်းမှာ မြင်တွေ့ခဲ့ရပါတယ်။
 
 
 
အဆိုပါ ဗီဒီယို အွန်လိုင်းလူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပြီး တရုပ်လူ့အဖွဲ့အစည်းရဲ့ ကိုယ်ချင်းစာတရား၊ စာနာစိတ်၊ ဖေးမကူညီတတ်တဲ့ အလေ့အထတွေ ပျောက်ဆုံးနေတာကို အပြင်အထန် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကားတိုက်ခံရတဲ့ အမျိုးသမီးရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရှိခဲ့ရပါဘူး။

08 Jun 2017     1,273 Views




RELATED

Most Popular of Special or Others

Most Popular of NEWS