BEC-TERO TV

အသက်(၄)နှစ်အရွယ် ကလေးတစ်ဦး စက်လှေကားထဲ လက်တစ်ချောင်းလုံးညပ်ပါခဲ့မှု ဖြစ်ပွား

08 Jun 2017     1,477 Views


တရုပ်နိုင်ငံမှာ ကလေးများနေ့ဖြစ်တဲ့ ဇွန်လ(၁)ရက်နေ့က ဈေးဝယ်စင်တာတစ်ခုရဲ့ စက်လှေကားမှာ (၄)နှစ်အရွယ် ကလေးတစ်ဦး လက်ညပ်ခဲ့ပြီး လက်မောင်းမှ ကျိုးခဲ့ရသည့် ဆိုးရွားသောဖြစ်စဉ် တစ်ခုဖြစ်ပျက်ခဲ့သည်။
 
ကျန်းဇီပြည်နယ် နန်ချန်းမြို့ရှိ ဈေးဝယ်စင်တာတွင် သားအမိနှစ်ယောက် ဈေးဝယ်ထွက်လာစဉ် ပေါ်ထပ်သို့ တက်ရန် စက်လှေကားပေါ်သို့ ကလေးငယ်က ကစားရင်း ခုန်ပေါက်တက်စဉ် ရွေ့လျားနေသော စက်လှေကားနှင့် ဟန်ချက်မညီဖြစ်ကာ ချော်လဲခဲ့သည်။
 
နောက်မှတက်လာသော မိခင်ဖြစ်သူက ကလေးကို လှမ်းဆွဲသော်လည်း အနည်းငယ်နောက်ကျသွားကာ စက်လှေကား အထစ်များပေါ် လက်ထောက်မိသော ကလေးငယ်၏ လက်က စက်လှောကားတွင် ညပ်ပါသွားခဲ့သည်။
မိခင်က အော်ဟစ်အကူညီတောင်းတဲ့အတွက် အနီးနားရှိသူများက စက်လှေကားအရေးပေါ်ခလုပ်နှိပ်ကာ ပိတ်ပစ်ခဲ့သော်လည်း နောက်ကျခဲ့ပြီဖြစ်သည်။
 
ကလေးငယ်၏ လက်ကို ဝိုင်းဝန်းဆွဲထုတ်ကာ ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ကြသည်။ ဆရာဝန်များက ကလေးငယ်၏လက်ကို ပြန်လည်ဆက်ပေးနိုင်ခဲ့သော်လလည်း သွေးစီးဆင်းမှု အခြေအနေ ကောင်း မကောင်းကို ဆက်လက်စောင့်ကြည့်နေကြဆဲဖြစ်သည်။
 
ထိုကြောင့် မိဘများအနေနဲ့ အန္တရာယ်ဖြစ်နိုင်သော နေရာများတွင် ကလေးငယ်များကို သတိရှိရှိ ဂရုတစိုက်ရှိရန် အထူးလိုအပ်ကြောင်း သင်ခန်းစာတစ်ခု ဖြစ်သည်။
 

 


08 Jun 2017     1,477 Views




RELATED

Most Popular of Special or Others

Most Popular of NEWS