BEC-TERO TV

ကာရိုက်တာအသစ်အဆန်းတွေကိုပဲလုပ်ချင်တဲ့ ခါရာ

08 Jun 2017     1,375 Views


သရုပ်ဆောင်ပိုင်းကော  အဆိုပိုင်းကိုပါလုပ်ဆောင်နေတဲ့  ခါရာ ဟာ အခုဆိုရင်လဲ ပရိတ်သတ်မခိုင်အမာ ရရှိနေပြီ ဖြစ်ပါတယ်။  အဆိုပိုင်းကိုပါ လုပ်နေပေမယ့် သရုပ်ဆောင်ပိုင်းကိုပိုဦးစားပေးလုပ် ဖြစ်မှာ ဖြစ်ပြီး ကာရိုက်တာများမထပ်အောင်အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။

''ကျွန်တော်ဇာတ်ကားတွေထွက်ထားတာလည်းရှိတယ်။ပရိတ်သတ်တွေဆီကတော့ကောင်းတဲ့ဝေဖန်မူတွေကြားရတော့ဝမ်းသာမိတယ်။ကျွန်တော်ကာရိုက်တာဆန်းဆန်းလေးတွေလုပ်ဆောင်ခြင်တယ်။နောက်ရိုက်ကူးမဲ့မြို့ပြမုဆိုးဇာတ်ကားမှာလည်း။ပရိတ်သတ်မြင်နေကြမဟုတ်တဲ့ကာရိုက်တာအသစ်နဲ့မြင်ရမှာဖြစ်ပါတယ်။ ကာရိုက်တာအသစ်တွေကိုရိုက်ရတာပိုသဘောကြတယ်။ပရိတ်သတ်ကိုလည်းအနုပညာအသစ်အဆန်းလေးတွေ ချ ပြဖို့စီစဉ်ထားတာရှိတယ်။အတွဲခွေတစ်ခွေထွက်ဖို့လည်းရှိတယ်။ဂီတပုံစံကအစ လူငယ်တွေ အကြိုက်ကိုပိုဦးစားပေးဖန်တီးထားတယ်။ ဒီနှစ်အတွင်းထွက်နိုင်အောင်တော့ကြိုးစားနေတယ်'' လို့ပြောသွားခဲ့ ပါတယ် ။

Credit:Xpress


08 Jun 2017     1,375 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment