BEC-TERO TV

Sophia ဆိုတဲ့ နာမည် ဖြစ်ပေါ်လာပုံကို ပြောလိုက်တဲ့ Sophia

08 Jun 2017     1,354 Views


အဆိုပိုင်းအပြင် သရုပ်ဆောင်ပိုင်းပါ လုပ်နေတဲ့ Sophia Everest ဟာ သူမ နာမည် Sophia က Church ကပေးထားတာဖြစ်ပြီး Everest ကတော့ Singapore မှာကျောင်းတက်ရင်း သဘောကျလို့ ကိုယ့်ဘာသာ ပေးဖြစ်သွားတာပါ ။ ငါးနှစ်သမီး အရွယ်ထဲက သီချင်းတွေ စဆိုပြီး ၁၂ အရွယ်လောက်မှာ ပြိုင်ပွဲတွေ စပြိုင်တယ် ။

စင်ကာပူမှာ Diploma in Biotechnology နဲ့ ကျောင်းပြီးခဲ့ ပြီး ကျောင်းမှာ လုပ်တဲ့ International Idol ပြိုင်ပွဲမှာ ပထမ ရခဲ့ ပြီး မြန်မာနိုင်ငံ ပြန်လာတဲ့ အချိန်မှာလဲ Myanmar Idol ၀င်ပြိုင်ဖြစ်ခဲ့ တာပါ ။ ဖေဖော်ဝါရီ ၂၆ က တစ်ကိုယ်တော်အခွေ Never Mind ကို ထွက်ရှိထားပြီး ပရိတ်သတ်အားပေးမှုလဲ ရရှိခဲ့ ပါတယ် ။

သရုပ်ဆောင် လုပ်ဖို့ လာကမ်းလှမ်း တော့ ကိုယ်နဲ့ လိုက်မယ့် ကာရိုက်တာလေးတွေကို ရိုက်ဖြစ်သွားတာပါ။ ရိုက်ထားပြီးသား နှစ်ကားတော့ ဖြစ်နေပါပြီ ။ ချစ်သူ နဲ့ ပြန်သွားပြီး လက်ရှိမှာ တစ်ယောက်ထဲ ဖြစ်နေတဲ့ Sophia ဟာ အလုပ်တွေကိုပဲ ပိုလုပ်ဖြစ်နေတယ်လို့ ပြောသွားခဲ့ပါတယ် ။

 Credit:Oasis


08 Jun 2017     1,354 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment