BEC-TERO TV

YBS ယာဉ်လိုင်းပေါ်က ခါးပိုက်နှိုက်မှုကျူးလွန်သူ အမျိုးသမီး

08 Jun 2017     1,464 Views


ခါးပိုက်နှိုက်မှုကျူးလွန်သူအား လသာမြို့နယ်၊ မောင်ခိုင်လမ်းကားမှတ်တိုင်၌ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန် ထားရှိသည်။

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များက ဇွန်လ ၃ရက်နေ့မွန်းတည့်၁၂နာရီအချိန်ခန့်တွင် နယ်မြေအတွင်းသတင်းစုံစမ်းဆောင်ရွက်နေစဉ်လသာမြို့နယ်၊မဟာဗန္ဓုလလမ်းနှင့်မောင်ခိုင်လမ်းထိပ်ကားမှတ်တိုင်တွင်YBS ယာဉ်လိုင်းအမှတ်(၅၇)ပေါ်မှဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ မရမ်းကုန်းမြို့နယ်နေ မဇင်မာဝင်းအား နံ့သာရောင်ပိုက်ဆံအိတ်နှင့်အတူတွေ့ရှိသဖြင့်အမျိုးသမီးရဲတပ်ဖွဲ့ဝင်များနှင့်အတူထိန်းသိမ်းစစ်မေးစဉ်၎င်းအိတ်အတွင်းမှ ငွေကျပ် ၃၉၁၉၀၀ နှင့်ပတ်သက်၍မေးမြန်းရာ ၎င်းယာဉ်ပေါ်သို့ ၁၅ လမ်းမှတ်တိုင်မှတက်လာသော အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ နှိုက်ယူရရှိခဲ့သောငွေများဖြစ်ကြောင်းသိရှိရသဖြင့် အဆိုပါ ပိုက်ဆံအိတ်ပိုင်ရှင်ဖြစ်သူအားရဲတပ်ဖွဲ့မှစုံစမ်းရှာဖွေခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နေမခင်ရွဲဝင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ခါးပိုက်နှိုက်မှုကျူးလွန်သူ မဇင်မာဝင်းအား လသာမြို့မရဲစခန်းတွင် (ပ)၁၉၇/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၉/၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး သတင်းရရှိပါသည်။

 


08 Jun 2017     1,464 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS