BEC-TERO TV

ခရီးသည်အမျိုးသမီးကို လိင်စော်ကားမှုကြောင့် Uber တက္ကစီသမားကို ဝိုင်းရိုက်

08 Jun 2017     1,305 Views


မလေးရှားနိုင်ငံ ပီနန်မြို့တွင် ပုဂ္ဂလိက Uber တက္ကစီ မောင်းသူတစ်ဦးအား ခရီးသည် ဗီယက်နမ် အမျိုးသမီးတစ်ဦးကို မဖွယ်မရာပြုလုပ်သည်ဟု စွပ်စွဲကာ အမျိုးသား (၁၀)ဦးမှ ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာဗရပွ ရရှိခဲ့သည်။
 
 
မလေးသတင်းစာ The Star Online ၏ အဆိုအရ ဇွန်လ ၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် Uber တက္ကစီမောင်းသူက သူ၏ကားကို ငှားစီးလာသော ဗီယက်နမ်အမျိုးသမီးတစ်ဦးကို ကားပေါ်တွင် တင်ဆောင်လာစဉ် သူ၏ ဘောင်းဘီဇစ်ကို ဖြုတ်ကာ အမျိုးသမီး၏ လက်ကို ဆွဲယူ၍ သူ၏လိင်တံကို အတင်းကိုင်ခိုင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ 
 
အမျိုးသမီးက သူ၏ ခင်ပွန်းဖြစ်သူကို တိုင်ကြားခဲ့သည့်အတွက် ခင်ပွန်းဖြစ်သူနှင့် အပေါင်းအသင်းများက ထိုကားကို လိုက်လံရှာဖွေခဲ့ရာ  Lintang Paya Terubong ရှိ စာသောက်ဆိုင်တစ်ခုအနီးတွင် တွေ့ရှိခဲ့ပြီး ကားကို ပိတ်ဖမ်းကာ လူ ၁၀ ဦးက တက္ကစီမောင်းသူနှင့် ကားအား ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
 
 
ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဦးခေါင်း၊ လက်မောင်းနှင့် ဘယ်ဘက်ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။ Ubar တက္ကစီမောင်းသူအား ရဲများက ဖမ်းဆီးသွားခဲ့ပြီးနောက် အမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
 
 
အဆိုပါ Uber တက္ကစီမောင်းသူ၏ ယောက်ဖဖြစ်သူက လူမှုကွန်ယက် ဖေ့စ်ဘွခ်ကနေ ရေးသားခဲ့သော နောက်ဆက်တွဲသတင်းအရ တက္ကစီသမား၏ အမည်မှာ Sukri Ramli ဖြစ်ပြီး Ubar တက္ကစီကို အချိန်ပိုင်း မောင်းနှင်သူတစ်ဦးသာဖြစ်ကြောင်း၊ ဇွန်လ ၆ ရက်နေ့က ဗီယက်နမ်အမျိုးသမီးတစ်ဦးကို Paya Terubong အနီးသို့ ပိုပေးခဲ့ရသည်။ 
 
နောက်တစ်နေ့တွင် ခရီးသည်မှ ဖုန်းဆက်ခေါ်သဖြင့် သွားရောက်ခဲ့ရာ အဆိုပါ ဗီယက်နမ်အမျိုးသမီးပင်ဖြစ်ပြီး မနေ့က ပို့ခဲ့သော နေရာကို ထပ်မံပို့ပေးခဲ့ရကြောင်း။ အဲသည်နောက်မှာတော့ လူအုပ်စုက လိုက်လာပြီး သူ့ကို ရိုက်နှက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
 
ရိုက်နှက်နေစဉ် သူ့ကိုရိုက်ရသည့်အကြောင်းအား မေးမြန်းရာ ဗီယက်နမ်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့လို့ဟု ပြောဆိုသည့်အခါ သူဘာမှမလုပ်ကြောင်း ပြောပြရာတွင် အမျိုးသမီးက သူ့ဆီမှာ ဗီဒီယိုရှိကြောင်း ပြောပြန်သည်။ ရှိရင်ပြဟု ဆိုသည့်အခါ နောက်ဆုံးတော့ သူမတွင် ဗီဒီယိုသက်သေ မရှိကြောင်း ပြန်ပြောခဲ့သည်ဟု အရိုက်ခံရသူ Uber တက္ကစီမောင်းသူ၏ ယောက်ဖဖြစ်သူက ရေးသားဖော်ပြပြီး အမှန်တရားပေါ်ပေါက်စေရန် တောင်ဆိုခဲ့ကြောင်း သိရှိရသည်။
 

08 Jun 2017     1,305 Views




RELATED

Most Popular of Special or Others

Most Popular of NEWS