BEC-TERO TV

ရှားမှရှားတဲ့ အမျိုးသား Beauty Blogger ဇော်ဝင်းထွဋ်ပြောတဲ့ သူ့ဘဝ

09 Jun 2017     1,239 Views


အားလုံးပဲ မင်္ဂလာပါခင်ဗျာ

ဒီနေ့တော့ Makeup look အသစ်ပြင်ရမှာပျင်းနေတာနဲ့ စာလေးနည်းနည်းရေးထားတယ်.

ကျွန်တော်က Makeup တို့ ပန်းချီဆွဲတာတို့ကို ငယ်ငယ်ကတည်းက အရမ်းဝါသနာပါတာ..ဒါပေမယ့် ကျွန်တော်တို့နိုင်ငံကြီးခေတ်မမီ သေးခဲ့တာကတစ်ကြောင်း အခွင့်အရေးတွေ အခြေအနေတွေ မပေးခဲ့တာက တစ်ကြောင်း ကျွန်တော် ကိုယ်တိုင်ကရော knowledge မရှိခဲ့တာက တစ်ကြောင်း သေသေချာချာမလေ့လာဖြစ်ခဲ့ဘူးပေါ့ဗျာ..

အဲဒီလိုနဲ့အချိန်တွေကုန်လာလိုက်တာ ကျွန်တော် university မပြီးခင်တစ်နှစ်အလို (လွန်ခဲ့တဲ့သုံးနှစ်လောက်)က ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက် ကျောင်းပြီးရင်ဘာလုပ်ကြမလဲ တိုင်ပင်ကြရင်း ကိုယ်ဘယ်အရာကိုတကယ် passion ဖြစ်တယ်ဆိုတာ သိခဲ့တာပါ.

University ကတစ်ဖက်တက်နေရင်းနဲ့မို့ သေချာမလေ့လာဖြစ်ခဲ့ပေမယ့် ကျောင်းပြီးတဲ့အချိန်ကစပြီး ကျနော်makeup နဲ့ပက်သတ်တာတွေကို သေသေချာချာလေ့လာဖြစ်တာ အခုအချိန်ထိပါပဲ.ကျွန်တော်ဘာသင်တန်းမှ မတက်ဖြစ်ခဲ့ပါဘူးကျနော် makeup tutorials တွေကြည့်တယ် makeup နဲ့ ပက်သတ်တဲ့ tips & ticks တွေရှာဖတ်တယ်.ပြီးတော့ ကျွန်တော့်သူငယ်ချင်း မိန်းကလေးတွေကိုအလှပြင်ပေးရင်း ကိုကိုယ်တိုင်လည်းပြင်ကြည့်ရင်းနဲ့ပဲ အလေ့အကျင့်ရခဲ့တာပါ.

အစကတော့ Facebook ပေါ်မှာဓာတ်ပုံလေးတွေတင်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး.. နောက်ပိုင်းတော့ ကိုလိမ်းထားတဲ့ makeup look လေးတွေကိုပြချင်တာရော သူငယ်ချင်းတွေ ဝိုင်းပြီးအားပေးခဲ့တာကြောင့်ရော ကျွန်တော် Facebook ပေါ်မှာတင်ဖြစ်ခဲ့တာပါ.တင်ဖို့ အစီအစဉ်မရှိဘူးဆိုတာကလည်း မတော်တဆ makeupတွေလိမ်းထားတဲ့ကိုယ့်မျက်နှာပုံကို လူတွေမြင်ရင် ဝိုင်းပြီးရယ်ကြမှာ စိုးရိမ်လို့ပါ.

ဒါပေမယ့်လည်း ကျွန်တော်ထင်ထားသလိုမဖြစ်ခဲ့ပါဘူး..
ကျွန်တော့်ကိုဝိုင်းအားပေးကြတယ် ဝိုင်းချီးကျူးကြတယ် အကြံညဏ်လေးတွေပေးကြတယ် ကျွန်တော်ပုံလေးတွေကိုshare ကြရင်းနဲ့ပဲ ကျွန်တော့်ကိုလူနည်းစု သတိထားမိလာတာပါ..အားလုံးကိုတစ်ကယ်ပဲ ရင်ထဲကကျေးဇူးတင်ပါတယ်.

အခုဆို ကျွန်တော် makeup look လေးတွေ မတူအောင်စဉ်းစားပြီး တင်လာခဲ့တာmakeup look 15ခု တိတိ ရှိပါပြီ. အားလုံးရဲ့ like တစ်ခုဆီ comment တစ်ခုဆီ share တစ်ခုဆီတိုင်းကို ကျွန်တော် တန်ဖိုးထား အသိအမှတ်ပြုပါတယ်.
ကျွန်တော့်ကိုချစ်ကြတဲ့ အားပေကြတဲ့ သူအရောက်စီတိုင်းကို အမြဲတမ်းကျေးဇူးတင်နေမှာပါ.

နောက်မှတက်လာကြမယ့် သူငယ်ချင်းတွေ ညီလေး/ညီမလေးတွေကို အမြဲတမ်း welcome လုပ်သလို
ကျွန်တော့်အရှေ့က သင်ဆရာ မြင်ဆရာ ကြားဆရာ senior အကို/အမ ညီလေး/ညီမလေးတွေ အားလုံးကိုလဲ အစဉ်အမြဲလေးစားလျက်ပါ..

ကျွန်တော်ပုံလေးတွေကို တစ်စုတစ်စည်းထဲ ကြည့်လို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်.

ကျွန်တော်ဒီထပ်ဒီထပ် ကောင်းအောင်းအများကြီးကြိုးစားပါဦးမယ်
အားလုံးပဲ အောင်မြင် ပျော်ရွှင်ကြပါစေ.
With Lovesss....


09 Jun 2017     1,239 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS