ဘောလုံးကွင်းအတွင်း တစ်မိနစ် မငြိမ်သက်ခဲ့သည့် ဆော်ဒီအာရေဗျဘောလုံးအသင်း(ရုပ်သံ)
09 Jun 2017 1,609 Views
ဆော်ဒီအာရေဗျဘောလုံးကစားသမားများသည် သြစတြေးလျနှင့်ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲတွင် ပွဲမစတင်မီ လန်ဒန်အကြမ်းဖက်မှုဖြစ်စဉ်အတွက် ၀မ်းနည်းကြောင်း တစ်မိနစ်ငြိမ်သက်ခြင်းရပ်တန့်သည့်အစီအစဉ်၌ ပူးပေါင်းပါဝင်ခြင်းမရှိသည့် ရုပ်သံဖိုင်ပါ။
ထို့အပြင် အရန်ခုံတန်းလျားတွင်ရှိနေခဲ့သည့် ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ဝင်များသည်လည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ရပ်တန့်နေချိန်တွင် ထိုင်ရာမှမထဘဲ နေခဲ့ကြခဲ့ကြတဲ့အပြင် ပွဲမစတင်မီ ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ရပ်တန့်နေချိန်၌ ဆော်ဒီအာရေဗျ ပရိသတ်များက သံသေးသံကြောင်များဖြင့် ဆူညံစွာအော်ဟစ် နေခဲ့သည်။
ဆော်ဒီအာရေဗျပရိသတ်အချို့က ယင်းသို့ ပွဲမစတင်မီ တစ်မိနစ်ငြိမ်သက်ရပ်တန့်ခြင်းမှာ အစ္စလာမ့်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများတွင် ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် ဆော်ဒီအာရေဗျက သြစတြေးလျကို အဝေးကွင်းတွင် ၃ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။